ရှမ်းနီအမျိုးသားတပ်မတော် SNA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ပွား စစ်ကောင်စီဘက်မှ နှစ်ဦးကျ

ရှမ်းနီအမျိုးသားတပ်မတော် SNA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ပွား စစ်ကောင်စီဘက်မှ နှစ်ဦးကျ

ရှမ်းနီအမျိုးသားတပ်မတော် SNA သည် ၎င်း၏နယ်မြေများအတွင်း Covid-19 ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် တပ်က အရပ်ဝတ်ဖြင့် ဝင်ရောက်လာမှုကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့က (ဩဂုတ် ၅) မှာဖြစ်တာ တပ်မဟာ ၉၇၂ က ကိုဗစ်တားဆီးရေးလုပ်တယ် အဲ့ဒီနားက ဒေသခံရွာတွေကို  လူအဝင်/အထွက်တွေကို လိုက်လံစစ်ဆေးတဲ့အချိန်မှာ  တပ်ကနေဝင်ချလာတာ ဝင်လာတယ်ဆိုတာ အရပ်ဝတ်နဲ့ဝင်လာတာ လေးယောက် ငါးယောက်လောက် အနောက်မှာတော့ စစ်ကြောင်းပါလာတယ် အရပ်ဝတ်နဲ့ သူတို့ဆိုင်ကယ်နဲ့ အရင်ဝင်လာတယ်  စစ်ဆေးကြတာမခံတော့ တပ်ကမှန်းသိတော့ လိုက်ပစ်တာ လိုက်ပစ်တော့ သူတို့ဘက်က နှစ်ယောက်ကျသွားတာပေါ့” ဟု SNA မှ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာအုပ်စု ကွေ့ပေရွာအနီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် တစ်ဦးက ဒဏ်ရာဖြင့်ထွက်ပြေးပြီး နန့်တောကျေးရွာအနီးတွင် သေဆုံးခဲ့သည်။

တစ်ဦးကို SNA က ဒဏ်ရာဖြင့် ဖမ်းဆီးရခဲ့မိပြီး စခန်းသို့ခေါ်ဆောင်လာစဉ် လမ်းတစ်ဝက်တွင် ထိုဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။

ထိုထိတွေ့မှုဖြစ်ပွားပြီးနောက်ပိုင်း ၎င်းနယ်မြေများအတွင်း စစ်ကောင်စီတပ်များက အင်အားပြန်လည်ဖြည့်တင်းလျှက်ရှိကြောင်း သိရသည်။

“မနေ့ညနေကနဲ့ ဒီနေ့ ပြန်ပြီးတော့ တက်လာကြတယ် သူတို့တွေရဲ့ စစ်ကြောင်းတွေတော့ ထိတွေ့မှုတော့ မရှိသေးပါဘူး။ အဓိကတော့ ကိုဗစ်ကာလည်းဖြစ်နေတဲ့အခြေအနေရယ်။ ဒေသခံတွေရဲ့ အခြေအနေရယ် အရမ်းကြီး ရှုပ်ရှုက်ခတ်မှာစိုးလို့ ရှောင်ထားတဲ့အပိုင်းလည်းရှိတယ်” ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ဆိုသည်။

စစ်ကောင်စီတပ်များသည် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေမျှောများထံ အရပ်ဝတ်များဖြင့် ငွေလက်ခံကောက်ခံမှုများရှိသောကြောင့် လွန်ခဲ့သည့် ဇူလိုင်လက SNA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် SNA တို့ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိခဲ့သည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...