အိမ်စောင့်တပ်နှင့် ကိုးကန့်တပ် တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကျေးလက်လူထု အခက်တွေ့

အိမ်စောင့်တပ်နှင့် ကိုးကန့်တပ် တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကျေးလက်လူထု အခက်တွေ့
ပန်ဆိုင်းမြို့နယ်အတွင်း ဖြစ်ပွါးသောတိုက်ပွဲမှ လက်နက်ကြီးကျည် ရွာအနီးကျရောက်
ပန်ဆိုင်းမြို့နယ်အတွင်း ဖြစ်ပွါးသောတိုက်ပွဲမှ လက်နက်ကြီးကျည် ရွာအနီးကျရောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်–ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ကျေးရွာအချို့အတွင်း အိမ်စောင့်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် တောတောင်အတွင်းသို့ တိမ်းရှောင်နေရသည့် ကျေးလက်ဒေသခံများ စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသည်ဟု သတင်းရရှိသည်။

သြဂုတ်လဆန်းပိုင်းမှ ယနေ့အထိ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကြူကုတ်–ပန်ဆိုင်း မြို့နယ်ခွဲ ဖေါင်းဆိုင် ကျေးရွာအုပ်စု ဖိုင်ကောင်းကျေးရွာအတွင်း အိမ်စောင့်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် တောတောင်ထဲ တိမ်းရှောင်နေရသည့် ဒေသခံ ၃၀၀ ကျော်က စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသည်။

“အခု အဓိက တိမ်းရှောင်ရတဲ့သူက သက်ကြီးပိုင်း အမျိုးသမီးနဲ့ ခလေးတွေများတယ်။ အဓိကလိုအပ်တာက ခြင်ဆေးနဲ့ မိုးကာပါ” ဟု အမည်မဖေါ်လိုသည့် ဒေသခံ အမျိုးသမီးတဉီးက ပြောသည်။

အိမ်စောင့်တပ် (ဗမာ့တပ်မတော်) ကို ဒေသအတွင်း လှုပ်ရှားသွားလာသည့် ကိုးကန့်တပ် MNDAA က သြဂုတ်လ ၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် အိမ်စောင့်တပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်သောကြောင့် တိမ်းရှောင်နေရသည့် ဒေသခံများ ခိုလှုံနေထိုင်ဖို့ မိုးကာ အဓိက လိုအပ်နေကြောင်း သိရှိရသည်။

“ဖောင်းဆိုင်ရွာကတချို့က ၂ ရက်နေ့ကတည်းက တောထဲကို ထွက်ပြေးလာတာရှိတယ်၊ ဒါပေမဲ့ အများစုက ၃ ရက်နေ့ကမှ ထွက်ပြေးလာတဲ့သူတွေပေါ့၊ မိုးတွင်းဆိုတော့ ဆေးတွေ၊ ခြင်ထောင်တွေ မိုးကာတွေရော အစားအသောက်တွေရာ လိုအပ်ပါတယ်” ဟု စစ်ရှောင်အရေးကူညီပေးသူတဉီးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မူစယ်ခရိုင်အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်ကြသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်များနှင့် အာဏာသိမ်း/အိမ်စောင့်တပ်တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...