လဲချား ရွာသစ်ထောင်သည့် စစ်ရှောင်ကလေးများ သင်ထောက်ကူလိုအပ်နေ

လဲချား ရွာသစ်ထောင်သည့် စစ်ရှောင်ကလေးများ သင်ထောက်ကူလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် စစ်ရှောင်လာသည့် ဒေသခံတစ်ချို့ ရွာသစ်ပြန်လည်ထူထောင်ရာမှာ ကလေးငယ်များကို စာပေသင်ကြားရေးအတွက် ပညာရေးသုံး သင်ထောက်ကူပစ္စည်းများ လိုအပ်ကြောင်း စုံစမ်းသိရသည်။

ကျေးသီးမြို့နယ်တွင်ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံများ လဲချားမြို့နယ်သို့ စစ်ရှောင်လာပြီး၊ ထိုနေရာတွင် ရွာသစ် ပြန်လည်ထူထောင်ခဲ့သည်။

ထို့ကြောင့် ရွာသစ်တွင်ရှိသည့် ကလေးငယ်များအတွက် ရပ်ရွာတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စာပေသင်ကြားရေးတွင် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“လိုအပ်ချက်များစွာထဲက အလိုအပ်ဆုံးဆိုရင် white board ၊ Marker Pen ၊ စာအုပ်၊ စာရေးကိရိယာ၊ ထီး၊ solar မီး၊ ဓားနဲ့ ပေါက်ပြား တွေ လိုအပ်နေတယ်” ဟု လဲချားမြို့နယ်မှာ ပြန်လည်ထူထောင်နေသည့် ပရဟိတတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ စစ်ရှောင်တို့သည် ဇူလိုင် (၁၁) ရက်နေ့က ရောက်ရှိလာပြီး ယခု ရွာသစ်ပြန်လည်ထူထောင်ရာမှာ အိမ်ခြေ (၅၀) အကွက်ရိုက်ပြီး လူဦးရေ (၆၁) ဦးရှိပြီး၊ ထိုထဲတွင် ကလေး (၂၀) ကျော်ရှိကြောင်း သိရသည်။

ထို့ကြောင့် ကလးငယ်များအတွက် အင်္ဂလိပ်စာများ၊ သိပ္ပံတွဲများနှင့် ဓမ္မတရားများကို သင်ကြားပေးနေပြီး၊ သင်ကြားရေးအတွက် သင်ထောက်ကူရှာဖွေပေးရန် အင်တာနက်လိုင်းလည်း လိုအပ်ကြောင်း ကူညီပေးနေသည့် ပရဟိတတစ်ဦးက ပြောသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် စစ်ရှောင်များ နေရပ်သို့ အများအပြား စွန့်ခွာခဲ့ရပြီး ကလေးပညာရေးလည်း အများအပြား ထိခိုက်နစ်နာခဲ့ရကြောင်း သိရှိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...