စစ်ရှောင်အများစု တိမ်းရှောင်နေသည့်ရွာတွင် COVID-19 ရောဂါဖြင့် သေဆုံးသူရှိလာပြီး ကျန်းမာရေးအထောက်အပံ့ အကူအညီလိုအပ်

စစ်ရှောင်အများစု တိမ်းရှောင်နေသည့်ရွာတွင် COVID-19 ရောဂါဖြင့် သေဆုံးသူရှိလာပြီး ကျန်းမာရေးအထောက်အပံ့ အကူအညီလိုအပ်

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်ရှိ စံကျေးရွာတွင် ရွာလုံးကျွတ်နီးပါးဖျားနာနေကြပြီး ယမန်နေ့ (ဩဂုတ် ၅ ရက်) ညဦးပိုင်းတွင် COVID-19 ရောဂါဖြင့် အဘိုးအိုတစ်ဦးသေဆုံးခဲ့ပြီး ယခုအချိန်ထိ ကျန်းမာရေးအထောက်အကူပြု အကူအညီ မရရှိသေး‌ကြောင်း သိရသည်။

"မနေ့ကညမှာ ရွာထဲကအဘိုးတစ်ယောက် ကိုဗစ်ရောဂါနဲ့ဆုံးသွားပြီ။ အခုချိန်ထိ ဘယ်သူကမှ လာပြီးကူတာမရှိသေးဘူး။ ကိုယ်ထူကိုယ်ထပဲလုပ်နေရတယ်။ ရွာကဘုန်းကြီးကပဲဦးဆောင်ပြီး စေတနာ့ဝန်ထမ်း ၆ ဦးနဲ့ လုပ်နေရတယ်" ဟု စေတနာ့ဝန်ထမ်းလုပ်နေသည့် စံကျေးရွာသူတစ်ဦးက ပြောသည်။

COVID -19 ရောဂါရှိ‌နေသည်ဟု သံသယဖြစ်ပါက ရောဂါပိုးစစ်ဆေးနိုင်ရန် စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးနေကြောင်း၊ ရောဂါပိုးရှိသူများကို Civit အလုံး ၁၀၀ ပါတစ်ဘူးနှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့ပေးပြီး နေအိမ်၌သာနေထိုင်‌စေကြောင်းနှင့် ဒေသတွင်း ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

ဆေးစစ်ရာတွင် ကုန်ကျသည့်စရိတ်ကို ဆေးစစ်ခံယူသူက ကျခံရကြောင်းနှင့် COVID-19‌ ရောဂါဖြင့် သေဆုံးသူရှိလာသဖြင့် အရေးပေါ် ကျန်းမာရေးအထောက်အကူများ လိုအပ်နေ‌ကြောင်း ‌စံကျေးရွာသားများက ဆိုသည်။

အဆိုပါရွာထဲတွင် မင်းတပ်မှ စစ်ရှောင်လာသူဦးရေ ၄၀၀ ကျော်နေထိုင်ကြောင်းလည်း သိရသည်။

စံကျေးရွာသည် မင်းတပ်စစ်ဘေးရှောင် အများစုတိမ်းရှောင်နေထိုင်သည့် ရွာဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်ရှိ အခြားကျေးရွာများဖြစ်သည့် ကျောက်ထု၊ ပန်းဆန်၊ တေးနှင့် ချင်းပြည်နယ် မင်းတပ်မြို့၊ ထင်ချောင်းရွာတို့နှင့် ကျေးရွာနယ်နမိတ်ခြင်း ထိစပ်နေသည်။

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...