တောင်ကြီးမြို့တွင် ကိုဗစ်ကြောင့် တရက်တည်း သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေ

တောင်ကြီးမြို့တွင် ကိုဗစ်ကြောင့် တရက်တည်း သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်တွင် ကိုဗစ်–၁၉ ကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေကြောင်း စုံစမ်းသိရှိရသည်။



ယမန်နေ့ ဩဂုတ်လ ၄ ရက်၊ ညပိုင်းအထိ တောင်ကြီးမြို့နယ်အတွင်းတွင် ကိုဗစ်–၁၉ ရောဂါပိုး ကူးစက်ခံရသူများ ၁၇၃ ဦး ထပ်မံစစ်ဆေးတွေ့ရှိပြီး သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။



“မနေ့က ဆေးရုံက သက်ဆိုင်ရာတာဝန်ရှိသူတွေက သေဆုံးသူ ၉ ဦးရှိတယ်လို့ပြောတယ်၊ ဒါမယ့် ရပ်ကွက် သေတဲ့သူတွေ မပါသေးဘူး။ ဒါမယ့် အခုနောက်ပိုင်းမှာ ကြိတ်ကုတွေ သိပ်မရှိတော့ဘူး၊ ကြိတ်ကုလည်း သေမှာဆိုပြီး သူတို့သိသွားလို့ ဆေးရုံသို့ ကွာရန်တင်းတို့ကို သွားတဲ့သူတွေများလာတယ်” ဟု တောင်ကြီးမြို့ ဝါးပြားရပ်ကွက်တွင်နေထိုင်သူ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။



Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် COVID-19 ကူးစက်ပျံ့နှံမှအား ထိန်းချုပ်နိုင်ရန်အတွက် သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုများကို ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့က ပြုလုပ်‌ခဲ့ကြောင်းလည်း သိရသည်။



တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဩဂုတ်လ ၄ ရက်ထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၂၁၈၀ ဦး တွေ့ရှိခဲ့ပြီး ကိုဗစ်–၁၉ ကြောင့် သေဆုံးသူ ၁၀၆ ဦးရှိကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...