ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှ လူနေအိမ်များသို့ ဆက်လက်ပစ်ခတ်

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှ လူနေအိမ်များသို့ ဆက်လက်ပစ်ခတ်

ဝိုင်းမော်မြို့ နယ်မြခံ ခလရ ၅၈ တပ်ရင်းမှ လူနေအိမ်များသို့ ညစဉ် လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ယနေ့နံနက်အစောပိုင်း ပစ်ခတ်မှုတွင် ကျေးရွာ နေရာ ၃ ခုတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်။

လဘန်ကျေးရွာ၊ ခတ်ချိုအနီးတဝိုက်နှင့် ဝိုင်းမော်အဝင် နန့်မြစ်ချောင်း စသော ၃ နေရာတွင် မပေါက်ကွဲသော လက်နက်ကြီးကျည်များကို မြင်တွေ့ရကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

"ဒီမနက်လည်း အကြာကြီးဘဲ လက်နက်ကြီးသံတွေကြားရတာ။ ရမ်းသမ်းပစ်ခတ်တဲ့ပုံစံဘဲ။ သူတို့ထင်တဲ့နေရာတိုင်းကို ပစ်သလိုဖြစ်နေတယ်။ အခုကြားရသလောက် ၃ နေရာမှာ လက်နက်ကြီးကျည်ကျနေတာ မြင်တွေ့ရတယ်။ နေအိမ်ပျက်စီးတာလည်းပါတယ်လို့ ပြောနေကြတယ်" ဟု ပြောဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်သလို KIA ဘက်ကလည်း သွာရောက်ပစ်ခတ်ခြင်းမရှိကြောင်း သိရသည်။

ယနေ့နံနက် ၂ နာရီမှ ၃ နာရီကြား ပစ်ခတ်မှုတွင် လက်နက်ကြီး အချက် ၂၀ ကျော် ကြားရသည်ဟု ဝိုင်းမော်ဒေသခံများထံမှ သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် နေအိမ်အတွင်း လက်နက်ကြီးကျရောက်မှု၊ လမ်းမပေါ်တွင် မပေါက်ကွဲဘဲ ကျရောက်နေသော လက်နက်ကြီးကျည်များကို ပြည်သူများကို ဓါတ်ပုံရိုက်ကာ လူမှုကွန်ရက်ပေါ်တွင် မျှဝေနေကြသည်။

ဝိုင်းမော်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေသည်မှာ ၃ ရက်ဆက်တိုက်ရှိပြီဖြစ်သည်။

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...