စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ဟု KIO ပြော

စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ဟု KIO ပြော

အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူများနေထိုင်သော ရပ်ကွက်များသို့ ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်လာကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးဦးနော်ဘူက ယနေ့ ပြောဆိုလိုက်ပါသည်။

“မနေ့ည လိုင်ဇာဘက်ကို လက်နက်ကြီး ၁၀ ကြိမ်လောက်ပစ်တယ်။ စစ်ကောင်စီဘက်က ပစ်ခတ်မှုမှာ ထူးခြားမှုတွေ့ရတယ်။ ဘာလဲဆိုတော့ KIA ရှိတဲ့ဘက်ကိုဦးတည်ပြီး ပစ်ခတ်တာမဟုတ်ဘဲ ပြည်သူရှိတဲ့ရပ်ကွက်ဘက်ကို ဦးတည်ပြီးပစ်နေတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောဆိုသည်။

ဩဂုတ်လ ၃ ရက် ယမန်နေ့ည လိုင်ဇာမြို့ဘက်သို့ အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး အများစုမှာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူများရှိရာ ရပ်ကွက်ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီဘက်က ပစ်ခတ်မှုကြေင့် တရုတ်ပြည်ဘက်ခြမ်းသို့ လက်နက်ကြီးတစ်ချို့ ကျသည်ဟု ပြောဆိုနေသော်လည်း အတည်ပြုပြောဆိုလို့မရကြောင်း KIA ဘက်က ပြောဆိုသည်။

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှလည်း ဩဂုတ်လ ၂ ရက်ညနှင့် ၃ ရက်ညများတွင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ထို့အပြင် ဩဂုတ် ၃ ရက်ညနေ ၆ နာရီခန့်က မိုးကောင်းမြို့နယ် နမ္မတီးနှင့် ဒွန်ဘုံးကျေးရွာကြား စစ်ကောင်စီတပ်အင်အား ၃၀ ခန့်က လမ်းမတစ်လျှောက် သေနတ်ပစ်ဖောက်ကာ သွားလာခဲ့ကြောင်း ဒေသခံများ ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်များပစ်ခတ်ကာ သွားလာနေသည့်အတွက် ဒွန်ဘုံးပြည်သူတစ်ချို့ တိုက်ပွဲဖြစ်ပွားသည်ဟု ထင်မှားကာ ထိတ်လန့်ထွက်ပြေးမှုရှိခဲ့သည်ဟု သိရသည်။

ဖားကန့်မြို့နယ် ကံဆီးကျေးရွာ (Ginsi Mare) အခြေစိုက် အာဏာသိမ်းစစ်တပ်ကုန်းမှလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပုံမှန်ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများ၏ သတင်းပေးပို့ချက်မှ သိရသည်။

ဇူလိုင်လကုန်းပိုင်းမှစပြီး အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသောကြောင့် ပြည်သူများ၏ သေကြေမှုနှင့် ထိခိုက်ပျက်စီးမှုများရှိနေကြောင်း သိရပါသည်။

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...