နမ့်ခမ်းမြို့ တစ်ရက်တည်း သေဆုံးသူ (၁၁) ဦးရှိ

နမ့်ခမ်းမြို့ တစ်ရက်တည်း သေဆုံးသူ (၁၁) ဦးရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တစ်ရက်တည်း သေဆုံးသူ (၁၁) ဦးရှိပြီး သုသာန်မှာ ညနက်ပိုင်းအထိ သဂြိုလ်ခဲ့ရကြောင်း သိရှိရသည်။

သြဂုတ် (၂) ရက်နေ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာအပါအဝင် သံသယလူနာများ စုစုပေါင်း (၁၁) ဦး သေဆုံးခဲ့သည့်အတွက် သုသာန်မှာ ညနက် (၁) နာရီထိ သဂြိုလ်ခဲ့ရကြောင်း နမ့်ခမ်း ပရဟိတအဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ မနေ့က နာရေး (၁၁) ကြောင်း ပို့ရတယ်။ သုသာန်မှာ အလောင်းတွေ တန်းစီထားရတယ်။ မီးသဂြိုလ်စက်က လူသေလောင်း တစ်လောင်းကိုဂြိုလ်ရင် တစ်နာရီခွဲ နှစ်နာရီလောက်ကြာတယ်။ ညနက် (၁) နာရီလောက်ထိ ဖြစ်သွားတယ်” ဟု နမ့်ခမ်း ပရဟိတအဖွဲ့ဝင်တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာရှိကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီလိုတန်းစီပြီး သဂြိုလ်ရတာ ပထမဆုံးအကြိမ်ပဲ။ တစ်နေ့တည်းကို အများဆုံး (၇) ယောက်လောက်ပဲ သဂြိုလ်ဖူးတာ” ဟု နမ့်ခမ်း ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့တွင်ရှိသည့် လက်ရှိ မီးသဂြိုလ်စက်သည် လူတစ်ဦး တစ်ကြိမ်သဂြိုလ်လျှင် (၂) နာရီခန့်ရှိပြီး ထင်းနှင့်သဂြိုလ်ရသဖြင့် အချိန်ကြန့်ကြာမှုရှိသောကြောင့် အသစ်ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်တွင်လည်း ကိုဗစ်-၁၉ အတည်ပြုလူနာများပြားလာပြီး လက်ရှိ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို စစ်ကောင်စီက ပြည်သူလူထုများကို ဇူလိုင် (၃၀) ရက်နေ့ကစတင်ပြီး ထိုးပေးနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...