သေနတ်ဖြင့်ပစ်ခံရသည့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး သေဆုံး

သေနတ်ဖြင့်ပစ်ခံရသည့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး သေဆုံး

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

"ကျနော်တို့ကြားရတာတော့ မနေ့ည သေနတ်ပစ်ခံရပြီးနောက် ဗန်းမော်ဆေးရုံကို ပို့လိုက်ကြတယ်လို့ သိရတယ်။ ဒီမနက် ပြန်ကြားတာတော့ ဆုံးသွားပြီတဲ့" ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဩဂုတ်လ ၁ ရက်ည ၉ နာရီဝန်းကျင်အချိန် ၎င်း၏အိမ်အနီးတွင် သေနတ်သမားများက ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

"အဲဒီအုပ်ချုပ်ရေးမှူးက ပြောင်းလာတာတော့ သိပ်မကြာသေးဘူး။ မနေ့ည သိရသလောက်ဆို သေသွားတဲ့အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေနဲ့ စားသောက်ပြီး အိမ်ပြန်လာတဲ့ချိန် သူ့အိမ်နားမှာ စောင့်နေပြီးတော့ကို ပစ်တာတဲ့" ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် မည်သည့်အဖွဲ့အစည်းက ပစ်သတ်သည်ကို မသိရသေးပါ။ သေဆုံးသွားသည့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦကျော်ဆွေသည် ပြီးခဲ့သည့် မေလအတွင်း ရန်ကုန်လှိုင်သာယာမှ အပြောင်းအရွေ့ဖြင့် ရောက်လာသူဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လကလည်း မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန ရုံးအနီး ဗုံးပေါက်ကွဲမှု ၁ ကြိမ် ဖြစ်ခဲ့ဖူးသည်။

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲ ပုံမှန်ဖြစ်နေသောဒေသဖြစ်ပြီး ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်မြို့နှင့် မိုးမောက်မြို့တို့ ပါဝင်သည်။

 
 

 

 

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...