ရေနစ်မြုပ်ခံထားရသည့် ဘူးသီးတောင်မြို့မှ စစ်ဘေးရှောင်အိမ်ထောင်စု ၃၈ စု စားဝတ်နေရေး အခက်အခဲဖြစ်နေ

ရေနစ်မြုပ်ခံထားရသည့် ဘူးသီးတောင်မြို့မှ စစ်ဘေးရှောင်အိမ်ထောင်စု ၃၈ စု စားဝတ်နေရေး အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ လမ်းမကျောင်း စစ်ဘေးရှောင်စခန်းမှ ရေနစ်မြုပ်ခံထားရသည့် အိမ်ထောင်စု ၃၈ စုမှာ စားဝတ်နေရေးခက်အခဲဖြစ်နေပြီး အကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ခံ ဦးဦးကျော်ဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"ကိုဗစ်ကြောင့် အပြင်ထွက်အလုပ်မလုပ်ရတဲ့အထဲ အိမ်တွေပါ ရေနစ်မြုပ်ခံထားရတော့ သူတို့အတွက် ပိုအခက်အခဲဖြစ်တာပေါ့။ ပစ္စည်းတွေပါရေနစ်ခံထားရသူတွေလည်းပါတော့လေ။ သူတို့စားဝတ်နေရေးအတွက် အကူညီတွေလိုအပ်နေပါတယ်" ဟု ပြောသည်။

လမ်းမကျောင်း စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်ခံထားရသည်မှာ ယနေ့ဆိုလျှင် ၄ ရက်ရှိပြီဖြစ်ပြီး ရေပြန်ကျခြင်းမရှိသေးသည့်အပြင် မိုးဆက်ရွာမည်ဆိုပါက တောင်ကျရေကြောင့် ရေကြီးကာ စခန်းတွင်းရှိ မြေနိမ့်ပိုင်းမှနေအိမ်များ ဆက်လက်ရေနစ်မြုပ်နိုင်ခြေရှိကြောင်းလည်း သိရသည်။

နေအိမ်ရေနစ်မြုပ်ခံထားရသူ ကိုကျော်ဝင်းက အခုလက်ရှိ သူများအိမ်တွင် ကပ်ခိုကာ နှစ်အိမ်ပေါင်းတစ်အိမ် စုပေါင်းနေရသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ပြောသည်။

"အစတုန်းကတော့ Camp တာဝန်ခံတွေနေရာချပေးတဲ့ စာသင်ဆောင်မှာနေမလို့ပါပဲ။ ဒါပေမဲ့ သူတို့က ရေနစ်တဲ့အိမ်တွေများတော့ ကိုဗစ်ကြောင့် လူတွေစုနေလို့မရဘူးပြောတယ်။ ဒါကြောင့် အနီနားကအိမ်တွေမှာ ပေါင်းထားပေးထားတယ်။ နေရေးထိုင်ရေး စားရေးသောက်ရေး အခက်အခဲဖြစ်တာပေါ့ဗျာ။ အခုတော့ရေနစ်လို့ ကျန်ခဲ့တဲ့ဆန်တွေကို ခြိုးခြံပြီးစားနေတယ်" ဟု ပြောသည်။

၎င်းရေနစ်မြုပ်ခံထားရသည့် မိသားစုများထဲတွင် အသက် ၈၀ ကျော်နှင့် ၉၀ အရွယ် ကျား (၂) ဦး၊ မ ၁ ဦးပါဝင်ကြောင်းလည်း သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းသည် ဇူလိုင်လ ၂၇ ရက်နေ့ညမှစတင်ကာ ပန်ဇင်းချောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေနစ်မြုပ်နေခြင်းဖြစ်သည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...