ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အမှတ် ၃ တပ်နယ်မှူး ကိုဗစ်ဖြင့်ကွယ်လွန်

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အမှတ် ၃ တပ်နယ်မှူး ကိုဗစ်ဖြင့်ကွယ်လွန်

ကရင်ပြည်နယ် နယ်ခြားစောင်တပ် (BGF) အမှတ် ၃ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးစောကျော်မြင့် (ခ) ဗိုလ်ကတုံး (၆၂) နှစ်သည် ယမန်နေ့နံနက်တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်ဟု သိရသည်။

စောကျော်မြင့် (ခ) ဗိုလ်ကတုံးသည် ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ၈ ရက်မြောက်နေ့ ဇူလိုင် ၂၉ ရက် နေ့လည် ၁၁ နာရီ ၃၃ မိနစ်အချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကျန်ရစ်သည့် ရုပ်ကလာပ်ကိုမူ ရွှေကုက္ကိုသုသာန်တွင် ယင်းနေ့ မွန်းလွှဲ ၁ နာရီက မီးသင်္ဂြိုဟ်ခဲ့သည်ဟု ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်းရွာဇာတိဖြစ်သူ နယ်ခြားစောင့်တပ် အမှတ် ၃ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးစောကျော်မြင့်သည် ၁၉၉၄ ခုနှစ်၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) စတင်ဖွဲ့စည်းစဉ်ကပင် ၉၉၉ အထူးတပ်ရင်း၏ ဒုတိယတပ်ရင်းမှူးအဖြစ် ၂၀၁၀ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။

၎င်းနောက် ၂၀၁၀ ခုနှစ်တွင် DKBA မှ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းဖွဲ့စည်းရာတွင် အမှတ် ၃ တပ်နယ်မှူးအဖြစ် ၂၀၁ဝ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှ ယခု ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းကွယ်လွန်သွားပြီးဖြစ်၍ လစ်လပ်နေသော တပ်နယ်မှူးနေရာအား လတ်တလောတွင် အစားထိုးခန့်အပ်ရန်မရှိသေးဘဲ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ယာယီကိုင်တွယ်သွားမည်ဟု သိရသည်။

သူကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

 
 

 

 

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...