တိုက်ပွဲကြောင့် ကန်ပလက်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၅၀၀ ဝန်းကျင် ထပ်မံထွက်ပြေးနေရ

တိုက်ပွဲကြောင့် ကန်ပလက်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၅၀၀ ဝန်းကျင် ထပ်မံထွက်ပြေးနေရ

ချင်းပြည်နယ်၊ ကန်ပလက်နှင့် မင်းတပ်မြို့နယ်အကြားတွင် ဇူလိုင်လ ၂၇ ရက်နေ့က အဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားကျေးရွာ ၁၀ ရွာခန့်မှ လူဦးရေ ၅၀၀ ဝန်းကျင်ခန့် ထပ်မံစစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

“တိုက်ပွဲက ခါနန်းနဲ့ ရန်စဲကြားကဖြစ်တယ်ဆိုတော့ အနီးအနားကရွာတွေကအစ အခုက ကြောက်နေကြတော့ ထွက်ပြေးတိမ်းရှောင်နေကြတယ်၊ ဒီခါရိုင်း စစ်ဘေးရှောင်စခန်းမှာတော့ ၅၀၀ ဝန်းကျင်တော့ရှိနေပြီ အခု၊ အခု ရန်စဲရွာကဆိုရင် သူတို့ဟိုရွာလည်းမရောက် ဒီရွာလည်းမရောက် ကြားထဲမှာပျောက်နေကြတဲ့သူတွေ၊ မိသားစုတွေ တရွာလုံးနီးပါး ဘယ်နေရာမှာ ရှောင်လို့ရှောင်ကြမှန်းမသိဘူး၊ ပျောက်နေတယ်။ ရန်စဲ၊ မြောင်၊ ခါနန်း၊ မုလောင်း၊ ချောင်းမု၊ မသာဒါ၊ ရှင်ဘောင်၊ ပြီးတော့ လက်နက်ကြီးအသံတွေကြားပြီး စိုးရိမ်စိတ်နဲ့ ရှောင်နေကြတာ ၁၀ ရွာဝန်းကျင်ရှိတယ်၊ ရွာလုံးကျွတ်ထွက်ပြေးကြတယ်၊ လူဦးရေက အားလုံးပေါင်းရင် ထောင်ဂဏန်းလောက်ရှိမယ်။ လက်ရှိမှာ တောထဲ၊ ချောင်းထဲမှာ ဖြစ်ဖို့များတယ်။ လုံးဝ ရွာထဲမှာလည်းမရှိကြဘူး၊ ပျောက်နေကြတယ်” ဟု ကန်ပလက်မြို့ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် ခါနန်းအုပ်စု၊ ခါနန်းကျေးရွာတွင် နှစ်ဘက် အပြန်အလှန်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုလည်း ရှိခဲ့သည်ဟု သိရသည်။

ခါရိုင်းကျေးရွာသည် ကန်ပလက်မြို့နှင့် မိုင် ၄၀ ဝန်းကျင်ကွာဝေးပြီး ယခုရက်ပိုင်း တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်လာသူများ ခိုလှုံနိုင်ရန်အတွက်  ခါရိုင်းကျေးရွာ ရပ်မိ/ရပ်ဖနှင့် ဘာသာရေးအဖွဲဲ့အစည်းမှ စစ်ဘေးရှောင်စခန်းတစ်ခုဖွင့်လှစ်ကာ လက်ရှိတွင် စစ်ဘေးရှောင်လူဦးရေ ၅၀၀ ဝန်ကျင်းခန့် ရောက်ရှိနေကြသည်။

ကန်ပလက်မြို့နယ်ရှိ ပြည်သူများတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် မိုးတွင်းကာလဖြစ်သောကြောင့် ၎င်းတို့၏ ကျန်းမာရေးအတွက် ဆေးဝါးများ၊ အဝတ်အထည်များ၊ စားနပ်ရိက္ခာများ၊ အိုးခွက်အသုံးအဆောင်များလည်း လိုအပ်မှုများရှိနေသည်ဟု သိရသည်။

 

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...