စစ်ကောင်စီ တင့်ကားတင်သင်္ဘောများ ရွှေကူမြို့အနီး ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကောင်စီ တင့်ကားတင်သင်္ဘောများ ရွှေကူမြို့အနီး ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်း ကသာမြို့နယ်ဘက်မှ ယမန်နေ့ (ဇူလိုင် ၂၆ ရက်) နံနက် တင့်ကားများတင်ဆောင်လာသော စစ်ကောင်စီ၏ သင်္ဘော ၇ စီးသည် မွန်းလွဲ ၂ နာရီခန့် ရွှေကူမြို့အနီးတွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

ရွှေကူမြို့မရောက်မှီ ၃ မိုင်ခန့်ဝေးသည့် ရွှေဘုံသာကျေးရွာသင်္ချိုင်းရှေ့တွင် ပစ်ခတ်ခံရကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။

"သင်္ဘောက ၇ စီးစလုံး ရွှေကူဘက်ကို ဆန်တက်လာတာဖြစ်တယ်။ ရွှေကူမြို့မရောက်ခင် ပစ်ခတ်တဲ့အဖွဲ့က ရွှေဘုံသာကျေးရွာကနေ လှမ်းပစ်လိုက်တယ်တဲ့။ ရှေ့ကတစ်စီးက မှန်သွားတယ်လို့သိရတယ်။ ၇ စီးလုံးကိုပစ်ဖို့တော့ မလွယ်ဘူးလို့ပြောတယ်။ ကျန်တာအသေးစိတ်က မသိရဘူး" ဟု ပြောဆိုသည်။

ပစ်ခတ်သည့်အဖွဲ့အစည်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

အဆိုပါ တင့်ကားတင်သင်္ဘောများသည် ပြီးခဲ့သည့် ၂ ရက်ခန့်က မန္တလေးဘက်မှ ဆန်တက်လာခြင်းဖြစ်ကြောင်း မြစ်ကြောင်းတစ်လျှောက် ဒေသခံများက KNG ကို သတင်းပေးပို့မှုများရှိခဲ့သည်။

စစ်ကိုင်း-ကချင်နယ်စပ် ကသာမြို့နယ်နှင့် ရွှေကူမြို့နယ်သည် ကချင်ပြည်နယ်သို့ အာဏာသိမ်းစစ်ကောင်စီ အင်အားတိုးချဲ့လာရာတွင် ရေကြောင်းနှင့် ကားလမ်းအသုံးပြုကာ ဖြတ်သန်းသွားသော နေရာဖြစ်သဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေသော နယ်မြေဖြစ်သည်။

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...