ဇူလိုင် ၂၂ တစ်ရက်အတွင်း မွန်ပြည်နယ် ၃၇ ဦးအပါအဝင် တစ်နိုင်ငံလုံး လူနာ ၃၀၀ အထက် စံချိန်တင်အမြင့်ဆုံးသေဆုံး

ဇူလိုင် ၂၂ တစ်ရက်အတွင်း မွန်ပြည်နယ် ၃၇ ဦးအပါအဝင် တစ်နိုင်ငံလုံး လူနာ ၃၀၀ အထက် စံချိန်တင်အမြင့်ဆုံးသေဆုံး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၂ တစ်ရက်အတွင်း မွန်ပြည်နယ်က လူနာ ၃၇ ဦးအပါအဝင် တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၃၁၉ ဦး ကိုဗစ်ရောဂါဝေဒနာဖြင့် စံချိန်တင် အမြင့်ဆုံးသေဆုံးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ၂၄၃ ဦးအပါအဝင် တစ်နိုင်ငံလုံး ၆၇၀၁ ဦး အတည်ပြုလူနာတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု ၃၈ ဒဿမ ၈၄ ရာခိုင်နှုန်းရှိရာ တစ်ရက်အတွင်း ပိုးတွေ့ရှိမှုနှင့် သေဆုံးမှုအမြင့်ဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။  

မော်လမြိုင်မြို့နေ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက "မနေ့က မြန်မာတစ်နိုင်ငံလုံးမှာ ပိုးတွေ့ရှိမှု အများဆုံးနေ့တစ်နေ့ပေါ့။ သေဆုံးမှုလည်း အမြင့်ဆုံးဖြစ်ခဲ့တယ်။ ကျွန်တော်တို့ မွန်မှာလည်း တစ်ရက်ထဲ ၃၇ ဦး ထွက်သွားပေါ့။ ပြည်သူတွေအနေနဲ့ ပိုပြီးသတိထားဖို့ ဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ သတိတစ်ချက်မှ လစ်လို့မရတဲ့ အနေအထားပါ" ဟု ပြောသည်။

အဆိုပါ သေဆုံးလူနာ ၃၇ ဦးထဲတွင် မော်လမြိုင်မြို့က အများဆုံးပါဝင်ပြီး သံဖြူဇရပ်နှင့် ပေါင်မြို့နယ်တို့ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတဝန်း လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာ ၃ သန်းကျော်စစ်ဆေးခဲ့ရာတွင် အတည်ပြုလူနာ ၂ သိန်းခွဲကျော်၊ ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိခဲ့သူ ၁ သိန်း ၇ သောင်းကျော်ရှိပြီဖြစ်သည်။

ကိုဗစ်တတိယလှိုင်းအတွင်း ၂၀၂၁ ခုနှစ် ဇွန်လဆန်းမှ ဇူလိုင်လလယ်အထိ မွန်ပြည်နယ် ကိုဗစ်အတည်ပြုလူနာ ၄၃၆၇ ဦးရှိသည့်အနက် ၁၉၈ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

Most read this week

September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...
ဓာတ်ပုံ - PRF
September 1, 2026
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံ ငွေကြေးထောက်ပံ့ပေးနေသည့် ထောက်ပို့တပ်သား ၅ သောင်းကျော် မှာ...
လှိုင်ကနီ-တောင်ပေါက်ရွာကြား သြဂုတ်လ ၂၁ ရက်နေ့က စက်လှေတိမ်းမှောက်မှု ဖြစ်ပွားစဉ် / Crd
September 1, 2026
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် မွန်နှင့် ကရင်ပြည်အတွင်း မြို့နယ်အချို့၌ စက်လှေအသုံးပြု...
ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
August 31, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့်...