ဗန်းမော် စစ်ရှောင်စခန်းများတွင် အစားအသောက်ကူညီထောက်ပံ့မှု လိုအပ်နေ

ဗန်းမော် စစ်ရှောင်စခန်းများတွင် အစားအသောက်ကူညီထောက်ပံ့မှု လိုအပ်နေ

Stay Home သတ်မှတ်ထားသည့် ဗန်းမော်မြို့တွင်းရှိ စစ်ရှောင်စခန်းများတွင် အစားသောက်ကူညီထောက်ပံ့မူများ အရေးကြီးလိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ခံများထံမှ သိရသည်။

“ကျနော်တို့ Camp မှာ ထောက်ပံ့ကြေးမရတာ ၂ လကျော်ရှိသွားပြီ။ ကိုဗစ်ဘေးကဖြစ်နေတာနဲ့ မြို့ပြင်ထွက်ပြီး ရှာဖွေစားသောက်ဖို့လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ အရင်ကဆို နေ့စားတွေဘာတွေရှိရင် ထွက်ရှာလို့ရသေးတယ်။ ခုအခြေနေမှာက တစ်မြို့လုံး Stay at Home သတ်မှတ်ထားတော့ အပြင်ထွက်လို့လည်းမရ> အရမ်းကိုခက်ခဲဖြစ်နေပါတယ်” ဟု ရောဘတ် စစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။

ရောဘတ် စစ်ရှောင်စခန်းသည် ဗန်းမော်ခရိုင်အတွင်းရှိ နမ့်လင်းပါ၊ ဒေါ့ဖုန်းယန်၊ နွမ်းလန် အစရှိသည့် ကျေးရွာပေါင်း ၁၀ ခုမှ ပြည်သူများ လာရောက်ခိုလှုံနေကြသည့် စစ်ရှောင်စခန်းဖြစ်ပြီး လူဦးရေအားဖြင့် ၃၈၄၁ ဦး အိမ်ထောင်စုပေါင်း ၆၀၂ စုရှိကြောင်း သိရသည်။

ယင်းစစ်ရှောင်စခန်းများတွင် စစ်အာဏာသိမ်းမူမဖြစ်ခင်အချိန်များ၌ (WFP) မှ ကူညီထောက်ပံ့ပေးမူများပေးခဲ့ပြီး ပြီးခဲ့သည့် မေလကုန်ခန့်မှစကာ ထောက်ပံ့ကြေး မရရှိတော့ကြောင်း စခန်းတာဝန်ခံများက ပြောသည်။

“ထောက်ပံ့ကြေး ရုတ်သိမ်းသွားတာတော့ မဟုတ်ဘူး။ ကျနော်တို့မေးကြည့်တော့ နိုင်ငံရေးမကောင်းလို့ ငွေလွှဲပေးဖို့ ခက်ခဲတယ်။ ဘယ်လိုမှအဆင်မပြေဘူးလို့ ပြောပါတယ်။ ဘယ်တော့လောက် ပြန်ရနိုင်မလဲဆိုတာလဲ မသိရသေးဘူး“ ဟု စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

ယခင်က စစ်ရှောင်တစ်ဦးလျှင် တစ်လ ငွေကျပ် ၁၂၀၀၀ ခန့်ရရှိပြီး ဆန် ၅ ပြည်ရရှိခဲ့သည်။

ထို့ပြင် စစ်ရှောင်စခန်းများတွင် အစားအသောက်များ လိုအပ်နေသည့်အပြင် ကျန်းမာရေးအတွက် အကာအကွယ်ပစ္စည်းများလည်း အရေးတကြီးလိုအပ်နေကြောင်း ထွယ်ဆန် စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ခုလိုပြောသည်။

“အဓိက ပထမ အစားသောက်လိုအပ်တယ်။ ပြီးတော့ ကျန်းမာရေးကာကွယ်ဖို့ လက်သန့်ဆေးရည်တွေလည်း လိုအပ်နေတယ်။ လက်ဆေးဖို့  ဆပ်ပြာတောင် မရှိကြတော့ဘူး။ ထောက်ပံ့ကြေးက နောက်လလည်း မသေချာသေးဘူးထင်တယ်။ ခုလောလောဆယ်တော့ အချင်းချင်း ချေးဌားပြီးမှ စားနေကြတယ်” ဟု ထွယ်ဆန် စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

ထွယ်ဆန် စစ်ရှောင်စခန်းတွင် လူဦးရေ (၂၂၂) ဦးနှင့် အိမ်ထောင်စုပေါင်း (၃၇) စုနေထိုင်ကာ လက်ရှိတွင် ကိုဗစ်-၁၉ တတိယလှိုင်း ပြင်းထန်နေသည့်အတွက် စခန်းတွင်း ကျန်းမာရေးစောက်ရှောက်မူများလည်း လိုအပ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာသည့်အနက် ဗန်းမော်ခရိုင်သည် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသောနေရာဖြစ်ကာ စစ်ရှောင်အများအပြားလည်း ရှိနေဆဲဖြစ်သည်။

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...