ကွတ်ခိုင်ဈေးမီးလောင်ရာ ဆိုင်ခန်း ၃၀ ကျော်ဆုံးရှုံး

ကွတ်ခိုင်ဈေးမီးလောင်ရာ ဆိုင်ခန်း ၃၀ ကျော်ဆုံးရှုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ မြို့မစျေးက စျေးဆိုင်ခန်းပေါင်း ၃၀ ကျော် မီးလောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မီးလောင်သွားသည့် စျေးဆိုင်များတွင် တိုင်းရင်းဆေးဆိုင်၊ ဆန်ဆိုင်၊ လျှပ်စစ်ပစ္စည်း၊ အထည်ဆိုင်များနှင့် ခေါက်ဆွဲဆိုင်များပါဝင်သည်ဟု ဒေသခံတစ်ဦးက အတည်ပြုပြောသည်။

အထည်ဆိုင်တစ်ဆိုင်လုံး မီးလောင်ကျွမ်းသွားခဲ့ရသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ၎င်းအနေဖြင့် ကျပ်သိန်း (၄၀) ခန့် ဆုံးရှုံးသွားရသည်ဟု ပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို ယခုအချိန်ထိ မသိရသေးသလို ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းကိုလည်း မသိရသေးဘူးဟု ဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့ နံနက်လင်းအားကြီး ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်ကနေ မီးစတင်လောင်ကျွမ်းခဲ့ရာ၊ မြို့နယ်မီးသတ်ရုံးဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့မစျေးထဲတွင် စျေးဆိုင်ခန်းပေါင်း တစ်ထောင်ကျော်ရှိသည့်အနက် ယနေ့နံနက်ပိုင်းက မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၃၀ ခန့် မီးလောင်သွားခဲ့ခြင်းသည်။

ယခုမီးလောင်မှုသည် ကွတ်ခိုင်မြို့မဈေး၏ ပထမဆုံးအကြိမ် မီးလောင်မှုကြီးဖြစ်သည်ဟု စျေးဆိုင်ပိုင်ရှင်များက ပြောသည်။

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...