ကန်ပက်လက်မြို့ ကိုဗစ်ပိုးတွေ့လူနာ ၆ ဦး ဆေးကုမှုခံယူနေ

ကန်ပက်လက်မြို့ ကိုဗစ်ပိုးတွေ့လူနာ ၆ ဦး ဆေးကုမှုခံယူနေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ဇူလိုင်လ ၁၄ ရက်နေ့က နေရပ်ပြန်လာသော မိသားစု (၆) ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်ကြသည်ဟု သိရသည်။

“ဒီနေ့ထိတော့ ကိုဗစ်လူနာ ၆ ယောက်ပဲ၊ ထပ်တိုးတာတော့မရှိဘူး၊ သူတို့က အရင်တုန်းက ကန်ပက်လက်မှာ တိုက်ပွဲတွေအရမ်းပြင်းထန်တော့လေ ရန်ကုန်ကိုသွားရှောင်တာ၊ အခုတိုက်ပွဲတွေ ငြိမ်တယ်ဆိုတော့ တနေ့က ပြန်လာတာ၊ မိသားစုဝင်တယောက်က နည်းနည်းနေမကောင်းတာဖြစ်တယ်ထင်တယ်၊ ဆေးရုံမှာ ဆေးစစ်တော့ ပိုးတွေ့တာနဲ့ ဆေးရုံဝင်းထဲက အဆောင်တခုမှာ သီးသန့်ထားကြတယ်၊ အခုနေတော့ ကောင်းတယ်၊ ကျန်းကျန်းမာပါပဲ။ သူတို့က ကန်ပက်လက်ဇာတိပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပိုးတွေ့လူနာများသည် ကန်ပက်လက်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့နှင့် ထိစပ်သူများကိုလည်း မိမိတို့နေအိမ်တွင် ၁၄ အကြာ Home Quarantine ဖြင့် အသွား/အလာ ကန့်သတ်ထားရှိသည်ဟု သိရသည်။

ကန်ပက်လက်မြို့ ကိုဗစ်ပိုးတွေ့လူနာများ ဆေးကုသမှုခံယူနေစဉ် လိုအပ်သော ကူညီမှုများကိုလည်း မြို့နယ်ကြက်ခြေနီအဖွဲ့က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကန်ပက်လက်မြို့၊ ပြည်သူ့ဆေးရုံတွင် တာဝန်ယူကြပ်မတ်ပေးသော ဆရာဝန်တစ်ဦးနှင့် အခြားသူနာပြုဆရာများရှိပြီး လက်ရှိတွင် ကိုဗစ်လူနာ ၆ ဦးရှိသေးသောကြောင့် ဆေးဝါးနှင့် ကုသရေးအပိုင်းတွင် အဆင်ပြေနေသေးကြောင်းလည်း သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...