ရမ်းဗြဲ-လေးတောင်တံတား ပျက်စီးနေ၍ ဒေသခံများ သွားလာရေးခက်ခဲနေ

ရမ်းဗြဲ-လေးတောင်တံတား ပျက်စီးနေ၍ ဒေသခံများ သွားလာရေးခက်ခဲနေ
ဓာတ်ပုံ - ကိုထွန်းထွန်းဦး
ဓာတ်ပုံ - ကိုထွန်းထွန်းဦး

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ချောင်းဖျားကျေးရွာအုပ်စုရှိ ထန်းပြိန်တံတားပျက်စီးနေ၍ ရမ်းဗြဲ-လေးတောင်လမ်းတစ်လျှောက် ဒေသခံများ အသွား/အလာခက်ခဲဖြစ်နေသည်ဟု သတင်းရရှိသည်။

ချောင်းဖျားကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးခင်ဝင်းက တံတားကြမ်းခင်းသစ်သားများဆွေးမြေ့ပြီး မကြာခဏကျိုးပေါက်နေကြောင်း ပြောသည်။

“တံတားပြင်ဖို့ ဘာမှတော့မကြားမိပါဘူး။ ဘေလီတံတားပေါ် သစ်သားခင်းထားတယ်။ သစ်သားတွေဆွေးမြေ့နေတဲ့အတွက် တံတားက ပေါက်သွားတာပါ။ ခုတော့ နည်းနည်းသွားလို့ရပါသေးတယ်။ ဆိုင်ကယ်တွေတော့ ဖြစ်သလို ကျော်ခွပီးသွားလာနေကြတာတော့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

၎င်းတံတားမှာ ရမ်းဗြဲ-လေးတောင်လမ်းပေါ်မှာတည်ရှိပြီး ဒေသခံများဖြတ်သန်းသွား သွားလာအသုံးပြုနေသည့်တံတားဖြစ်သည်။

၎င်းတံတားကို ၂၀၁၃-၁၄ ခုနှစ်တွင် အစိုးရကဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

“အဲ့တံတားကို ပျက်နေပြီလို့ ကြားကတည်းက ပြန်ပြင်ပြီးပါပြီ။ ရန်ပုံငွေမပါဘဲ လုပ်ပေးထားတာခင်ဗျ။ ခုလောလောဆယ်ပြန်ပြင်ဖို့အစီအစဉ်မရှိသေးဘူးခင်ဗျ” ဟု ရမ်းဗြဲမြို့ လမ်းတံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတံတားသည် အရှည်ပေ ၆ဝ ကျော်ရှိပြီး ယခင်ကထက် ကုန်ကားများနှင့် လူသွားလူလာများပြားလာသည့်အတွက် ယခုထက်ခိုင်ခံ့သည့်တံတားအဖြစ် တည်ဆောက်ပေးစေလိုသည်ဟုလည်း ဒေသခံများက တောင်းဆိုနေကြသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...