မတူပီမြို့ လူငယ် (၅) ဦးကို ဇူလိုင် ၂၆ ရက် ရုံးပြန်ချိန်းပြီး မိသားစုဝင်က ပြည်နယ်စစ်ကောင်စီထံ အသနားခံစာတင်ရန်စီစဉ်ဟုဆို

မတူပီမြို့ လူငယ် (၅) ဦးကို ဇူလိုင် ၂၆ ရက် ရုံးပြန်ချိန်းပြီး မိသားစုဝင်က ပြည်နယ်စစ်ကောင်စီထံ အသနားခံစာတင်ရန်စီစဉ်ဟုဆို

ချင်းပြည်နယ်၊ မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သော လူငယ်(၅) ဦးကို ယနေ့ ၁ နာရီိတွင် ရုံးထုတ်ခဲ့ပြီး လာမည့် ဇူလိုင် ၂၆ ရက်နေ့တွင် ရုံးပြန်ချိန်းကာ မိသားစုဝင်များက ပြည်နယ် စစ်ကောင်စီထံအသနားခံစာ တင်ရန်စီစဉ်နေကြောင်း သိရသည်။

“ဒီနေ့တော့ ၁ နာရီ ရုံးထုတ်ဖြစ်တယ်၊ မိဘတွေနဲ့ ပေးတွေ့ရပေမယ့် နီးနီးကပ်ကပ် မနေရဘူး.. ခပ်ခပ်ခွာခွာ စကားပြောဆိုရတယ်၊ သူတို့တော့ ကျန်းမာရေးတော့ ကောင်းကြပါတယ်၊ တရားရုံးမှာ အရင်ကဆိုရင် အထဲ မှာ မိသားစုဝင်တွေက ဝင်နားထောင်လို့ရတယ်၊ အခုတော့ မဝင်ခိုင်းတော့ဘူးဆိုတော့ ဘာပြောလဲဆို တာလည်း မသိရတော့ဘူး၊ ကိုဗစ်ကြောင့် ပေးမဝင်တော့ဘူးဆိုတော့၊ အခု သူတို့က ကလေး (၅) ဦးကို အသနားခံစာတင်ခိုင်းတယ်၊ ပြည်နယ်မှာ ဟားခါးကို တင်ခိုင်းတယ်၊ သူတို့ပြန်လွတ်ပေးဖို့ပေါ့လေ” ဟု အမည်မဖော်လိုသည့် ဆွေးမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

၎င်းတို့ (၅) ဦးကို ဧပြီလ ၇ ရက် ၈ ရက်နေ့တွင် ရဲနှင့်စစ်တပ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံသယရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မတူပီမြို့တွင် အဖမ်းခံရသူ (၅) ဦးမှာ တက္ကသိုလ်ကျောင်းသား Salai Timothy, Salai Titus, Salai Jahn, Salai Naung Naung နှင့် (Joshep Oxygen) ပရဟိတအသင်းဥက္ကဌ ဦးထွန်းလင်းဦးတို့ဖြစ်ကြပြီး ၎င်းတို့ကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ မတူပီ မြို့မရဲစခန်းအချုပ်တွင် ဆက်လက်ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးခံထားရသူ (၈) ဦး ရှိသည်ဟုလည်းသိရသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...