Published
Tuesday, July 13, 2021
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ကိုဗစ်ဖြင့်သေဆုံးသူ (၃၁) ဦးရှိပြီး အများဆုံးဖြစ်နေ
ဖလမ်းမြို့နယ်တွင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့်သေဆုံးသူ ၃၁ ဦးရှိပြီး ချင်းပြည်နယ်တွင် ကိုဗစ်ဖြင့်သေဆုံးသူ အများဆုံးဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (ဇူလိုင် ၁၂) ရက်နေ့၊ ဖလမ်းမြို့တွင် အသက် (၆၄ နှင့် ၂၉) နှစ်အရွယ် အမျိုးသား ၂ ဦးအပါအဝင် ဖလမ်းမြို့အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၂၇ ဦးရှိပြီး ဖလမ်းမြို့နယ်၊ ကျေးရွာများတွင် ကိုဗစ်ဖြင့်သေဆုံးသူ ၄ ဦး စုစုပေါင်း ၃၁ ဦးရှိပြီဖြစ်ကြောသ်း သိရသည်။
လက်ရှိအချိန်ထိ ဟားခါးမြို့နယ်တွင် ၄ ဦး၊ ဖလမ်းမြို့နယ်တွင် ၃၁ ဦး၊ ထန်တလန်မြို့တွင် ၁ ဦး၊ တီးတိန်မြို့နယ်တွင် ၂၂ ဦးနှင့် တွန်းဇံမြို့နယ်တွင် ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Photo: Chinland Herald Daily News







