မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၉ ဦး ဆေးကုသမှုခံယူနေ

မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၉ ဦး ဆေးကုသမှုခံယူနေ

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ဇူလိုင်လ ၁၁ ရက်နေ့အထိ Covid-19 ရောဂါပိုးတွေ့လူနာ ၂၀ ဦး တွေ့ရှိခဲ့ပြီး လက်ရှိ ၁၉ ဦး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“ကိုဗစ်ပိုးတွေ့က အယောက် ၂၀ တော့ရှိတယ်၊ အရင်ဆုံးပိုးတွေ့ကတော့ ကျန်းမာသွားလို့ ဆင်းခွင့်ပြုလိုက်ပြီဆိုတော့ အခု ၁၉ ယောက်ဖြစ်မှာ၊ အများအားဖြင့် အောက်ပြည် ရန်ကုန်ကနေ လာတဲ့သူတွေဆီမှာတွေ့တာ၊ စစ်ဖြစ်မှာစိုးရိမ်လို့ နေရာအသီးသီးကို ထွက်ပြေး၊ ရှောင်တဲ့သူတွေရှိတယ်၊ အခု ပြန်လာတဲ့သူတွေမှာတွေ့တာ၊ မြို့တွင်းမှာ တွေ့တဲ့သူမရှိဘူး၊ ခရီးဝေးကနေ လာတဲ့သူစီမှာပေါ့၊ အခု ပိုးတွေ့တဲ့သူအားလုံးက ဆေးရုံမှာပဲ၊ ကျန်းမာရေးအကုန်ကောင်းကြတယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများနှင့် ထိစပ်မှုရှိသောကြောင့် ကွာရန်တင်းဝင်နေရသူ လူဦးရေ ၅၀ ဝန်းကျင်ခန့်ရှိပြီး န.တ.လ ကျောင်းနှင့် အိမ်တွင်းမှု အသက်မွေးကျောင်းတို့တွင် အသွားအလာကန့်သတ်ထားရှိကြောင်းလည်း သိရသည်။

ချင်းပြည်နယ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း Covid-19 ရောဂါကူးစက်မှု မြင့်တက်နေခြင်းကြောင့် မတူမြို့နယ်၊ လိုင်လင်းပီမြို့ အဝင်/အထွက်များကို ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ၃၁ ရက်နေ့အထိ ယာယီပိတ်ထားကြောင်းကိုလည်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာမသိမ်းမီ ယခင် Covid-19 ပထမနှင့် ဒုတိယလှိုင်းကာလတွင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးနှင့် ကုသရေးအပိုင်းများတွင် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း စစ်အာသိမ်းပြီးနောက် စစ်ကောင်စီက ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးပိုင်းတွင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် အရပ်ဖက်အဖွဲ့အစည်း၊ ပရဟိတအဖွဲ့အစည်းများက ကိုယ့်နည်းကိုယ်ဟန်ဖြင့်သာ လုပ်ဆောင်နေကြရသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...