မြောက်ဦးနယ်ရှိ မြောင်းဘွေတိုက်နယ်ဆေးရုံကို အင်ဒိုနီးရှားအစိုးရလှူထားသည့် ဆေးရုံသစ်သို့ ပြောင်းရွှေ့မည်

မြောက်ဦးနယ်ရှိ မြောင်းဘွေတိုက်နယ်ဆေးရုံကို အင်ဒိုနီးရှားအစိုးရလှူထားသည့် ဆေးရုံသစ်သို့ ပြောင်းရွှေ့မည်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာရှိ တိုက်နယ်ဆေးရုံကို အင်ဒိုနီးရှားအစိုးရက ဆောက်လုပ်လှူဒါန်းထားသည့် နေရာသစ်သို့ ပြောင်းရွှေ့တော့မည်ဟု သိရသည်။

“အဲဒီဟာက ပြီးတာတော့ကြာပြီ။ ဒါပေမဲ့ စစ်ပွဲကြားထဲမှာ ဟိုဟာဖြစ်လို့ အဲဒီမှာ ကျည်ပေါက်ရာတွေနဲ့ လောလောဆယ် နေလို့မရသေးလို့ အဆင်သင့်ဖြစ်အောင်တော့ ပြင်နေပါတယ်။ ICRC အဖွဲ့က ကူညီပေးတယ်။ မကြာခင် လာမဲ့သြဂုတ်လအတွင်းလောက်တော့ ပြောင်းမှာပါ” ဟု ပြောသည်။

ပြောင်းရွှေ့မည့်ဆေးရုံအသစ်သည် (၂၅) ခုတင်ဆံ့ပြီး အောက်ထပ်တွင် ဆေးရုံနှင့်ဆိုင်သည့် လူနာ ကျား/မ အဆောင်များ၊ ဓာတ်ခွဲအခန်းများနှင့် အခြားလိုအပ်သည့် အခန်းများကို ဖွဲ့စည်းထားပြီး ရေကြီးရေလျှံခြင်းနှင့် မုန်တိုင်းတိုက်ခြင်းများစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် အပေါ်ထပ်တွင် Hall ခန်းအဖြစ်ထားရှိကြောင်း သိရသည်။

ယခင်အသုံးပြုခဲ့သည့် မြောင်းဘွေတိုက်နယ်ဆေးရုံအဟောင်းမှာ (၁၆) ခုတင်ဆံ့ပြီး ဟောင်းနွမ်းပျက်စီးလာနေ၍ အင်ဒိုနီးရှားအစိုးရက ယခုအဆောင်အသစ်ကို ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်သည်။

၂ဝ၁၇ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပြီးစီးခဲ့ခြင်းဖြစ်ကာ ကျပ်သိန်းပေါင်း (၁) သောင်းခန့် ကုန်ကျခဲ့သည်ဟုလည်း သိရသည်။

“ဒီမြောင်းဘွေဆေးရုံမှာက ရခိုင်ရော၊ မူဆလင်ရော အားလုံးကို လက်ခံကုသပေးနေတယ်လေ။ အဲဒါကြောင့် အင်ဒိုနီးရှားကလူတွေနဲ့ နိုင်ငံခြားကလူတွေလာကြည့်တော့ ဒီမှာ အားလုံး နွေးနွေးထွေးထွေးနေကြတယ်ဆိုပြီးတော့ ဒီဆေးရုံကို မြောင်းဘွေကို ချပေးတာပါ” ဟု မြောင်းဘွေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သောင်းရွှေက နိရဥ္စရာကိုပြောသည်။

အဆိုပါတိုက်နယ်ဆေးရုံသည် မြောက်ဦးနှင့် မင်းပြားမြို့နယ် (၂) ခုမှ ရွာပေါင်း ၅ဝ ခန့် အားထားအသုံးပြုနေရသည့် ဆေးရုံဖြစ်သည်။

ဆရာဝန် (၂) ဦး၊ သူနာပြု (၆) ဦး၊ ဓာတ်ခွဲ (၁) ဦး၊ ဓာတ်မှန် (၁) ဦး၊ ဆေးစပ် (၁) ဦးနှင့် အထွေထွေလုပ်သားတို့အပါအဝင် ဆေးရုံဝန်ထမ်းစုစုပေါင်း (၁၉) ဦးရှိသည်ဟုလည်း သိရသည်။

Most read this week

August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...