စစ်ကောင်စီ ကားနှစ်စီးကို ကသာတွင် PDF နှင့် KIA ခြုံခိုတိုက်

စစ်ကောင်စီ ကားနှစ်စီးကို ကသာတွင် PDF နှင့် KIA ခြုံခိုတိုက်

ကသာမြို့မှ ဗန်းမော်မြို့ဘက်သို့အထွက် ကားကြီးကွင်းဟုခေါ်ကြသည့် ကျွဲဈေး၊ နွားဈေး အနီးတွင် စစ်ကောင်စီတပ်မှ ကား ၂ စီးကို ဒေသခံ PDF တပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့က ခြုံခိုတိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၉ ရက်နေ့ (ယနေ့) ည ၆ နာရီခွဲအချိန်ခန့်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှုများ နာရီဝက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်များသည် မြို့တွင်းပြန်လည်ဆုတ်ခဲ့ရကြောင်း ကသာမြို့ အမှတ် ၉ ရပ်ကွက်တွင်နေထိုင်သူ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

“အုန်း၊ အုန်း ဆိုတဲ့အသံကြီး ဆက်တိုက်ကြားရတယ်။ မီးခိုးလုံးတွေတက်လာလဲမြင်ရတယ်“ ဟု ၎င်းကပြောသည်။

ကသာမြို့တွင် နေထိုင်သည်မှာ နှစ်ပေါင်း ၅၀ ကျော်ခန့်ရှိပြီး ယခုကဲ့သို့သော ပေါက်ကွဲသံများ၊ သေနတ်သံများ၊ တိုက်ပွဲသံကို ပထမဆုံး ကြားဖူးခြင်းဖြစ်သည် ဟု ၎င်းကဆိုသည်။

ယခင်က PDF တပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့်နေရာသည် ကာသာမြို့မှ ၁၀ ခန့်ဝေးသည့် မိုးဒါးကြီး (မိုးတားကြီး)၊ မိုးဒါးလေး တဝိုက်မှာသာဖြစ်ပြီး ယခု ကသာမြို့အနီးအထိ ကပ်ဖြစ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲဖြစ်ပြီး အချိန်အနည်းငယ်အတွင်း စစ်ကောင်စီက လေယာဉ်ပျံနှစ်စီး ပျံသန်းသွားသည်ကိုလည်းတွေ့ရကြောင်း ကသာမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် မိုးဒါးကြီး (မိုးတားကြီး) ကျေးရွာအရှေ့ဘက် ဆင်ကူးရွာအနီး မိုးးပင်မြို့လမ်းဆုံနှင့် ရွှေကျောင်းကုန်းအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက်ကြသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်သည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း ရဲစခန်းအနီးရှိ ကသာမြို့ အထက်တန်းကျောင်း အမှတ် ၁ တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

PDF များရှိသည်ဟုဆိုကာ မိုးဒါးကြီး (မိုးတားကြီး) ကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ်က ဇွန်လ ၃၁ ရက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။

စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ ကသာမြို့သည် KIA တပ်ဖွဲ့များလှုပ်ရှားသည့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တို့နှင့် နယ်မြေ ဆက်စပ်နေသည့် မြို့နယ်တစ်ခုဖြစ်သည်။

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...