တောင်ကုတ်ဆေးရုံတွင် အသည်းအသန်ဖြစ်နေသည့် ကိုဗစ်လူနာ ၁၁ ဦးအတွက် အောက်ဆီဂျင် မလုံလောက်ဖြစ်နေ

တောင်ကုတ်ဆေးရုံတွင် အသည်းအသန်ဖြစ်နေသည့် ကိုဗစ်လူနာ ၁၁ ဦးအတွက် အောက်ဆီဂျင် မလုံလောက်ဖြစ်နေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ဆေးရုံကြီးတွင် အသည်းအသန်ဖြစ်နေသည့် ကိုဗစ်လူနာ ၁၁ ဦးအတွက် အောက်ဆီဂျင် မလုံလောက်ဖြစ်နေသည်ဟု သတင်းရရှိသည်။

၄င်းလူနာ ၁၁ ဦးတွင် လူနာတစ်ဦးလျှင် တစ်နေ့ကို အောက်ဆီဂျင် ၄ လုံး ရှူနေရသဖြင့် ဆေးရုံ၌ရှိသည့် အောက်ဆီဂျင် ဗူး ၂ဝ ဖြင့် လုံလောက်မှုမရှိတော့ကြောင်း တောင်ကုတ်ဆေးရုံမှတာဝန်ကျဆရာဝန် ဒေါက်တာ ဇင်အောင်လင်းက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ဆေးရုံကတော့ အလုံးနှစ်ဆယ် ထောက်ပံ့ပေးထားပေမဲ့ အဲဒီအလုံးနှစ်ဆယ်က ဖြည့်လို့လိုက်မမီဘူး။ တောင်ကုတ်မှာက အောက်ဆီဂျင်ထုတ်တဲ့စက်ကမရှိတော့ ဒီ့ပြင်နေရာတွေကို လှမ်းပို့ပြီးဖြည့်ရတယ်။ ဒီတော့ အောက်ဆီဂျင်က မရောက်နိုင်ဘူး” ဟု ပြောသည်။

တောင်ကုတ်ဆေးရုံတွင် ကိုဗစ်ကြောင့် အသည်းအသန်ဖြစ်နေသူများတွင် အသက် ၃၂ နှစ်မှ ၈၂ နှစ်အတွင်းပါဝင်ပြီး များသောအားဖြင့် ရောဂါအခံရှိသူများဖြစ်သည်ဟု သူက ဆက်ပြောသည်။

သူက “ရောဂါအခံကတော့ ပျဉ်းမျှ ဆီးချို၊ သွေးတိုးရယ်၊ TB ဖြစ်ဖူးတဲ့လူရယ်၊ နောက်ရောဂါအခံမရှိတဲ့ လူငယ်ပိုင်းတွေပါတယ်။ အသက်ရှုကျပ်တောင်မကဘူး။ မောနေပြီ။ ဖျားတယ်။ ချောင်းဆိုးတယ်။ ရက်မကြာဘူး ခြောက်ရက်လောက်နဲ့ ဆေးရုံရောက်လာကြသူတွေ၊ တချို့ဆိုရင် သုံးရက်လောက်နဲ့ အသည်းအသန်ဖြစ်ပြီး ရောက်လာကြတာပါ” ဟု ပြောသည်။

တောင်ကုတ်ဆေးရုံတွင် အသက်ရှူကျပ်နေပြီး အောက်ဆီဂျင်ပေးထားရသူ လူနာ ၁၃ ဦးရှိခဲ့ပြီး ဇူလိုင်လ ၆ ရက်နေ့နှင့် ၈ ရက်နေ့တွင် နှစ်ဦး သေဆုံးခဲ့သည့်အတွက် ၁၁ ဦးကျန်နေခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၆၆၉ ဦး၊ ဆေးရုံဆင်း ၁ဝ၇ ဦးနှင့် သေဆုံးသူ ၇ ဦးရှိပြီဟု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - နာရေးကူညီမှုအသင်း (တောင်ကုတ်)

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...