စစ်တွေမြို့မစျေးကြီးတွင် ကိုဗစ်စည်းကမ်းနှင့်အညီ မရောင်းချပါက Lockdown ချမည်ဟု ကြေညာ

စစ်တွေမြို့မစျေးကြီးတွင် ကိုဗစ်စည်းကမ်းနှင့်အညီ မရောင်းချပါက Lockdown ချမည်ဟု ကြေညာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မစျေးကြီးတွင် ကိုဗစ်စည်းကမ်းနှင့်အညီ မရောင်းချပါက Lockdown ချမည်ဟု စျေးကော်မတီက ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ကြေညာချက်ထုတ်လိုက်ကြောင်း သတင်းရရှိသည်။

၄င်းကြေညာချက်ကို စစ်တွေမြို့ရှိ မြို့မစျေးကော်မတီနှင့် မြို့နယ်စည်ပင်တို့က ညှိနှိုင်းထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း စျေးကော်မတီအတွင်းရေးမှူး ဦးစိုးနိုင်က ပြောသည်။

“စည်းကမ်းမလိုက်နာရင် စားသောက်ကုန်နဲ့ ဆေးဝါးပဲရောင်းရမလားဆိုပြီးပေါ့။ အဲဒါတွေကိုတော့ အစိုးရကနေ အသေးစိတ်မပြောသေးဘူး။ ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့အတိုင်း စည်းကမ်းမလိုက်နာရင် အစိုးရဆီမှာ lockdown အချခံရမှာစိုးတဲ့အတွက် ဦးလေးတို့ စျေးကော်မတီသဘောထားနဲ့ ထုတ်ပြန်လိုက်တာပါ” ဟု ပြောသည်။

ယခုထုတ်ပြန်ချက်တွင် စျေးသူ၊ စျေးသားများအနေဖြင့် Mask ဝတ်ဆင်ပြီး ရောင်းချရန်၊ စျေးကို သတ်မှတ်ထားသည့် အဝင်လမ်း၊ အထွက်လမ်းများမှသာ ဝင်/ထွက်ခြင်းပြုကြရန်၊ ပစ္စည်းများကို စျေးဆိုင်ဧရိယာပြင်ပ လူသွားလမ်းသို့ကျော်လွန်၍ ခင်းကျင်းရောင်းချခြင်း (လုံးဝ) မပြုရန်၊ စျေးကို နံနက် (၇) နာရီမှ ညနေ (၅) နာရီအထိသာ ဖွင့်လှစ်ရောင်းချမည်ဖြစ်သဖြင့် အချိန်မီ ပိတ်သိမ်းကြရန်၊ ဆိုင်ခန်းဧရိယာအား ကြိုးဖြင့်တား၍ ရောင်းချရန်နှင့် စျေးဆိုင်များအားလုံး လက်သန့်ဆေးရည်များထားရှိရန် စသည့်အချက်တို့ ပါရှိသည်။

ယင်းစည်းကမ်းချက်များကို မလိုက်နာပါက မြို့မစျေးကြီးအား ယာယီပိတ်သိမ်း၍ Lockdown ချသွားမည်ဖြစ်ဟုလည်း ဆိုထားသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်တတိယလှိုင်းအတွင်း ယနေ့ ဇူလိုင်လ ၇ ရက်နေ့အထိ အတည်ပြုလူနာ ၅ဝဝ ကျော်အထိရှိလာနေပြီး သေဆုံးသူ ၅ ဦးအထိ ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...