မူဆယ်၊ နမ့်ခမ်း ကိုဗစ်-၁၉ လူနာများထားရန် ဆေးရုံနေရာ လုံလောက်မှုမရှိ

မူဆယ်၊ နမ့်ခမ်း ကိုဗစ်-၁၉ လူနာများထားရန် ဆေးရုံနေရာ လုံလောက်မှုမရှိ

သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာသဖြင့် ဆေးရုံတွင် လူနာထားရန်နေရာ လုံလောက်မှုမရှိကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၂၀၀) ကျော်ထိရှိလာပြီး ဆေးရုံးတွင် ထားရှိရန် မလုံလောက်သောကြောင့် တချို့လူနာများကို နေအိမ်တွင်ထားရှိနေရကြောင်း မူဆယ်မြို့ ဂရုဏာ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“လူနာကတော့ ၂၀၀ကျော်ထိရှိတယ်။ အတိအကျတော့ မသိနိုင်တော့ဘူးပေါ့။ ဆေးရုံးအသစ်မှာက ထားရတာမလောက်တော့ဘူး။ မနေ့ညက ဆေးရုံးဟောင်းကို လူနာ ၁၇ ယောက်လောက်ပြောင်းရွှေ့ပေးရတယ်” ဟု မူဆယ်မြို့ ဂရုဏာလူမှုကူညီအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုနည်းတူ နမ့်ခမ်းမြို့တွင်လည်း ကိုဗစ် -၁၉ ပိုးတွေ့လူနာ များပြာလာသောကြောင့် ဆေးရုံးတွင် လူနာများ စုပြီးထားရန်အဆင်မပြေသောကြောင့် လူနာများထားရန် နေရာချဲ့နေရကြောင်း သတင်းရရှိသည်။

“ဆေးရုံးမှာ လူအများဝင်လို့မရတာမဟုတ်ဘူး။ နီးနီးကပ်ကပ်ထားရင်လည်း ပြုစုတဲ့သူတွေလဲ ကူးမှာစိုးရိမ်းရတယ်လေ။ အဲကြောင့် အပြင်ခွဲထွက်လိုက်တာ” ဟု နမ့်ခမ်းမြို့ အမျိုးသားဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကိုဗစ် ၁၉ ရောဂါကြောင့် အောက်ဆီဂျင်များအသုံးပြုရာတွင်လည်း မလုံလောက်သောကြောင့် အခက်ခဲများစွာရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ဇူလိုင် ၆ ရက်နေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၁၃၉ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရလူနာ ၁၆ ဦးနှင့် သေဆုံးသူ (၇) ဦးရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း အစိုးရဝန်းထမ်းများ စစ်အာဏာဖီဆန်ရေး (CDM) ပါဝင်လာကြသည်။

ထိုတွင် စစ်အစိုးရလက်အောက်တွင် ကိုဗစ်-၁၉ ကို ထိန်းချုပ်ရန်အတွက် လွန်စွာခက်ခဲလာကြောင်း မူဆယ်မြို့ အမည်မဖော်လိုသည့် ပရိဟိတ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီစစ်အစိုးရလက်အောက်မှာက အရင်လိုမျိုးမဟုတ်တော့ဘူး။ ဆရာဝန်တွေလဲ လုံလောက်မှုမရှိဘူး။ အောက်စီဂျင်တွေလည်းမရှိဘူး။ နေရာတွေလည်း‌ လုံလောက်မှုမရှိဘူးပေါ့နော်။ တချို့ဆို ကိုယ်အသိစိတ်နဲ့ကို အပြင်မထွက်ကြတာလည်းရှိတယ်” ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

လက်ရှိမှာ ကိုဗစ်-၁၉ ပြန့်ပွားများနေသော်လည်း ဆရာဝန်များက အာဏာသိမ်းစစ်လက်အောက်တွင် တာဝန်မထမ်းဆောင်နိုင်သောကြောင့် လုပ်ငန်းခွင်ထဲသို့ ပြန်ဝင်မည်မဟုတ်ကြောင်း သိရသည်။

“ဆရာဝန်တွေလဲ တာဝန်ပြန်လာမထမ်းဆောင်ဘူးလို့ပြောတယ်။ သူတို့က အဆုံးထိ CDM မှာပဲ ပါဝင်သွားမယ်လို့ပြောတယ်။ ဆရာဝန်တင်မဟုတ်ပါဘူး။ တစ်ချို့ ပရဟိတအဖွဲ့တွေလဲ ဒီစစ်အာဏာအောက်မှာ အလုပ်မလုပ်တော့တာတွေ့ရှိတယ်” ဟု အထက်ပါ အမည်မဖော်လိုသည့် ပရိဟိတအဖွဲ့ဝင်က ပြောသည်။

လက်ရှိ သျှမ်းမြောက်ပိုင်းတွင် နေ့စဉ်နှင့်အမျှ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း များလာသည့်အတွက် ရပ်ကွက်တိုင်း၊ လမ်းတိုင်းသည် ကိုယ့်နည်းကိုယ်ဟန်ဖြင့် လော့ဒေါင်းပြုလုပ်နေကြကြောင်း သိရသည်။

 
 

 

 

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...