သံတွဲတွင် ရဲတပ်ဖွဲ့ဝင် ၈ ဦးအပါအဝင် ၁၅ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ

သံတွဲတွင် ရဲတပ်ဖွဲ့ဝင် ၈ ဦးအပါအဝင် ၁၅ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့ ဇူလိုင် ၇ ရက်နေ့ နံနက်က ရဲတပ်ဖွဲ့ဝင် ၈ ဦးအပါအဝင် ၁၅ ဦး၌ ကိုဗစ်ပိုးထပ်မံတွေ့ရှိကြောင်း သတင်းရရှိသည်။

ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် လူပေါင်း (၅၇) ယောက်ကို ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ ထိုအထဲမှ (၁၅) ယောက်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်မိသားစု ၈ ဦးမှာ ပြောင်းရွှေ့ရန်အတွက် စစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်ပြီး နောက်ထပ် ၇ ဦးမှာ ကိုဗစ်အတည်ပြုလူနာ၏ ကွာရန်တင်းဝင်နေသည့် မိသားစုဝင်များဖြစ်ကြောင်း သံတွဲဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းထွန်းက အတည်ပြုပြောကြားသည်။

“ဒီနေ့ ပိုးတွေ့တာကတော့ အားလုံးပေါင်း (၁၅) ယောက်ပါ။ အဲဒီမှာ ရဲဝန်ထမ်း (၈) ယောက်ပါပါတယ်။ သူတို့တွေက ပိုးတွေ့လူနာတွေနဲ့ ထိတွေ့တဲ့သူတွေ မဟုတ်ဘူး။ သူတို့က သံတွဲကနေ တစ်ခြားနေရာကို ပြောင်းရမယ့် ရဲဝန်ထမ်းတွေပါ။ ရောဂါလက္ခဏာပြတာမရှိပါဘူး” ဟု ၎င်းက ပြောသည်။

သံတွဲမြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၈၂ ဦးရှိပြီဖြစ်ကာ ယနေ့ နံနက် (၈) ဦး ဆင်းခွင့်ရသွား၍ ရောဂါသက်သာ၍ ဆေးရုံဆင်းခဲ့သူမှာ စုစုပေါင်း ၂၁ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သံတွဲနှင့် ငပလီဆေးရုံတို့၌ ကိုဗစ်အတည်ပြုလူနာ ၆၁ ဦးတို့ ဆေးကုသမှုခံယူလျက်ရှိကြောင်း ဒေါက်တာရဲဝင်းထွန်း၏ ပြောပြချက်အရ သိရသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...