ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပျံ့ပွားလျက်ရှိသည့် ထန်တလန်မြို့တွင် အောက်ဆီဂျင်ဖြည့်စက်မရှိသဖြင့် စိုးရိမ်ရဟုဆို

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပျံ့ပွားလျက်ရှိသည့် ထန်တလန်မြို့တွင် အောက်ဆီဂျင်ဖြည့်စက်မရှိသဖြင့် စိုးရိမ်ရဟုဆို

ထန်တလန်မြို့တွင် ကိုဗစ်ကူးစက်မှု ပိုမိုများပြားလာပြီး အောက်ဆီဂျင်ဖြည့်စက်မရှိသောကြောင့် စိုးရိမ်ရကြောင်းကို Covid-19 Emergency Response Committee ThanTlang အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

“အခုလက်ရှိ အခြေအနေမှာတော့ ကျွန်တော်တို့ ထန်တလန်မြို့နယ်မှာ အောက်ဆီဂျင်ဖြည့်တဲ့စက် မရှိဘူး၊ ဟားခါးမှာတော့ရှိတယ်၊ ဟားခါးမှာရှိတဲ့ အောက်ဆီပလန့်ကို အားကိုးပြီးတော့ သုံးလို့မရဘူး၊ အခုလက်ရှိ ကျွန်တော်တို့က အလှူရှင်ဆီကနေရတဲ့ ကျွန်တောတို့ ကော်မတီရန်ပုံငွေ နိုင်သလောက်နဲ့ဝယ်ထားတဲ့ Cylinder အိုးတွေ ကုန်သွားလို့ရှိရင် ပြန်ဖြည့်ဖို့က စိတ်ပူနေတယ်။ အဲ့တော့ အခု ဖလမ်းဆေးရုံမှာရှိတဲ့ တစ်နေ့မှာ လီတာ အလုံး ၃၅၊ ၃၆ လုံးပဲ သွန်းလို့ရယ်ဆိုတော့ သူတို့ ဖလမ်းမြို့အတွက်တောင်မှ မလောက်ဘူးဖြစ်နေတော့ ကျွန်တော်တို့ ပြန်ဖြည့်ဖို့ကတော့ ဘယ်လိုမှ စဉ်းစားလို့မရဘူးဖြစ်နေတယ်။ သုံးပြီးလို့ ကုန်နေတဲ့ ဘူးအလွတ်တွေကို ကျွန်တော်တို့ ကလေးမြို့ဘက်ကိုပဲ ပို့ရမလား၊ မန္တလေးပို့မလား၊ ဘယ်မှာဖြည့်ရမလဲဆိုတာကို ကျွန်တော်တို့ စိတ်ပူနေတာ။ အဲ့တော့ ကျွန်တော်တို့က ပြန်မဖြည့်ပဲနဲ့ အိုးအသစ်တွေကြီးပဲ တောက်လျှောက်ဝယ်မယ်ဆိုရင် ဘယ်ရန်ပုံငွေကမှ တတ်နိုင်မျာမဟုတ်ဘူး။ အဲ့ဒီအတွက်လေးကို ကျွန်တော်တို့ အရမ်းကို စိတ်ပူနေတယ်။ တစ်ကယ်လို့များ အလှူရှင်တို့ဘာတို့ ရှိမယ်ဆိုရင် အဲဒီအောက်ဆီဂျင်ဖြည့်တဲ့စက်တွေကို အောက်ဆီပလန့် အကြီးစားမဟုတ်ရင်တောင်မှ အသေးစား (Mini plant) တွေ ကျွန်တော်တို့မြို့မှာ ထားနိုင်မယ်ဆိုရင်တော့ ပူစရာမရှိဘူးပေါ့။ အကယ်လို့ ကျွန်တော်တို့မြို့မှာ တစ်နေ့ပြီးတစ်နေ့ ပိုဆိုးလာမယ်ဆိုရင်တော့၊ အောက်ဆီဂျင်ဖြည့်ဖို့လိုမယ်ဆိုရင်တော့ ကျွန်တော်တို့ ကော်မတီတွေက တော်တော်လေးကို စိတ်ပူပါတယ်" ဟု ပြောသည်။

ထန်တလန်မြို့တွင် ဇူလိုင် ၆ ရက် ယနေ့အထိ ကိုဗစ်-၁၉ စစ်ဆေးခံရသူ စုစုပေါင်း (၂၁၉) ယောက်၊ ပိုးတွေ့လူနာဦးရေ (၆၂) ဦးရှိသည့်အနက် (၆) ဦးမှာ ပြန်သက်သာလာကြပြီး သေဆုံးသူ (၁) ယောက်ရှိကြောင်း သိရသည်။

ယင်းမြို့အတွင်း ကိုဗစ်ပိုးတွေ့လူနာများသည် လူလတ်ပိုင်း အသက် (၁၅-၅၀) ဝန်းကျင်ပိုများကြောင်းလည်း သိရသည်။

 
 

 

 

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...