ရန်ကုန်-ပြည်ရထားလမ်း ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်-ပြည်ရထားလမ်း ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်-ပြည်ရထားလမ်းကို မှော်ဇာကျေးရွာအနီးတွင် တနင်္လာနေ့က ဗုံးခွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံများက ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအနီး မုဌောရွာနားတွင် ဇူလိုင် ၅ ရက် ညနေ ၆ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံပြည်သူများက ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်းတွင် စစ်ကား ၃ စီးရောက်လာပြီး သေနတ်များ ပစ်ဖောက်ခြောက်လှန့်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

”သွားမကြည့်ရဲဘူး။ ကွန်ကရစ်ဇလီဖားတုံးဘဲ ကြေသွားတယ်ကြားတယ်” ဟု အနီးအနားက ဒေသခံတစ်ဦးက ပြောသည်။

စစ်သားများ နေရာယူထားသည့်အတွက် ကနဦးတွင် မည်သူမှ သွားမကြည့်ရဲဘူးဟု ဒေသခံများက ပြောသည်။

ရန်ကုန်-ပြည် ရထားလမ်းကို ၂၀၁၉-၂၀၂၀ က ဂျပန်နိုင်ငံအကူအညီဖြင့် ခေတ်မှီစနစ်များဖြင့် ပြင်ဆင်ခဲ့ပြီး ရန်ကုန်-ပြည် ခရီးကို ရထားချိန် ၄ နာရီဖြင့် အရောက်ခုတ်မောင်းနိုင်မည်ဟု NLD က ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောဆိုဖူးသည်။

”ရထားလမ်းက ဂျပန်အကူအညီနဲ့ အရမ်းကောင်းနေတာ စီးရတာ ငြိမ်နေတာ။ ဘယ်အဖွဲ့ဖြစ်ဖြစ် ကောင်းတာတွေတော့ မဖျက်စီးစေချင်ဘူး” ဟု  ရထားစီးနေကြ ခရီးသည်တဦးက မှတ်ချက်ပေးပြောဆိုသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ခြင်းဖြစ်ကြောင်း တာဝန်ယူထုတ်ဖေါ်ပြောဆိုထားခြင်း မရှိသေးပေ။

ဇွန်လ ၂၃ ရက်နေ့ကလည်း ရန်ကုန်-ပြည် ရထားလမ်းဘေး မြို့တစ်မြို့ဖြစ်သည့် သဲကုန်းမြို့ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ထွေအုပ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့သည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...