သရက်တွင် အာရုဏ်ဆွမ်း ခေတ္တရပ်ဆိုင်းမည်

သရက်တွင် အာရုဏ်ဆွမ်း ခေတ္တရပ်ဆိုင်းမည်

မကွေးတိုင်း၊ သရက်မြို့တွင် ကိုဗစ်ပိုးတွေ့နှုန်း များလာသည့်အတွက် အာရုဏ်ဆွမ်းလောင်းလှူသည့် အသင်းအားလုံးကို ခေတ္တရပ်ဆိုင်းထားရန် မြို့နယ်သံဃာ့နာယကဆရာတော် ဘဒ္ဒန္တသီလဝဆရာတော်ကြီးက တားမြစ်ကြောင်း စာထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ၅ ရက်နေ့က ထုန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် သရက်မြို့၏ ကိုဗစ်ပိုးတွေ့လူနာများ မြင့်တက်နေပါ၍ ရောဂါထိန်းချုပ်နိုင်ရေးအတွက် သရက်မြို့ပေါ်ရှိ အာရုံဆွမ်းလောင်းအသင်းများ အားလုံးကို ဇူလိုင်လ ၇ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းထားရန် ထည့်သွင်းဖော်ပြထားသည်။

”ဆွမ်းအတွက်က ပူစရာမလိုအောင် စီစဉ်မှာပါ။ ပထမလှိုင်းတုန်းကလိုဘဲ ဖြစ်မှာပါ။ သေချာတော့ မစီစဉ်ရသေးဘူး။ အဆင်ပြေမှာပါ” ဟု အမည်မဖေါ်လိုသူ သရက်မြို့က မြို့မိ/မြို့ဖတစ်ဦးက ပြောသည်။

ဇွန်လ ၂၆ ရက်မှ ဇူလိုင် ၆ ရက်နေ့အထိ သရက်မြို့တွင် COVID-19 ရောဂါ ကူးစက်ခံသူလူနာ ၆၀ နီးပါးခန့်ရှိနေပြီး ဇူလိုင်လ ၅ ရက်နေ့မှစတင်၍ ဆေးဆိုင်နှင့် စားသောက်ကုန်ဆိုင်သာ ဖွင့်ခွင့်ပေးထားသည်။

အခြားသောဆိုင်များဖြစ်သည့် ဖုန်းဆိုင်များနှင့် ကုန်မာဆိုင်များ စသည်တို့ကို အားလုံးပိတ်ထားရန် အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

သရက်မြို့ တစ်ရပ်ကွက်လျှင် ဆွမ်းလောင်းအသင်း ၁ သင်းနှုန်းဖြင့် မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်တွင် ရှစ်သင်းရှိသည်။

နေ့စဉ် ဝါတွင်းဝါပအမြဲရှိကာ ဆွမ်းလောင်းအသင်းအချို့၏ သက်တမ်းသည် နှစ် ၈ဝ ခန့် ရှိပြီဖြစ်ကြောင်း မြို့မိ/မြို့ဖတစ်ဦးက ပြောသည်။

သရက်မြို့ပေါ် နယ်နိမိတ်အတွင်း ဘုန်းကြီးကျောင်း ၅၀ ကျော်ရှိရာ ဆရာတော် ဝါဆို သံဃာ သာမဏေပေါင်း အပါး ၂၁၀ ခန့် ရှိသည်ဟု မြို့နယ် သံဃနယက ဆရာတော်ထံမှ သိရသည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...