ချင်းပြည်နယ် မြောက်ပိုင်းဒေသတွင် ကိုဗစ်ကြောင့်သေဆုံးသူ ၆၀ နီးပါးရှိပြီ

ချင်းပြည်နယ် မြောက်ပိုင်းဒေသတွင် ကိုဗစ်ကြောင့်သေဆုံးသူ ၆၀ နီးပါးရှိပြီ

ချင်းပြည်နယ် မြောက်ပိုင်းဒေသ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေပြီး တစ်လကျော်အတွင်း ကိုဗစ်ကြောင့်သေဆုံးမှု ၆၀ နီးပါးခန့်ရှိသွားပြီဟု သိရသည်။

ဖလမ်းမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိခဲ့ပြီး သေဆုံးသူအများစုသည် သက်ကြီးပိုင်းတွေဖြစ်ကြကာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိကြသူများဖြစ်ကြသည်ဟု ဖလမ်း ကိုဗစ်ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"မြို့ပေါ်မှ သေဆုံးတာ (၁၇) ရိဒ်မှာ (၃) ယောက်  Ramtlir မှာ (၁) ယောက်ရှိတယ် အဓိက, ကတော့ ဒီလိုသေတဲ့ထဲမှာ ရောဂါအခံရှိသူများဖြစ်ကြတယ် (၂၁) ယောက်မှာ (၁၇) ယောက်ကတော့ ရောဂါအခံရှိကြတယ် အဆုတ်ပိုင်းဆိုင်ရာ အသက်ရှုမှုအခက်အခဲပုံစံမျိုးနဲ့ ဆုံးသွားတာများတယ် တချို့တွေက နှလုံးသွေးကြောပိတ်တာတွေ ဆေးချိုသွေးချိုမြင့်နေတဲ့ဟာတွေဆိုတော့ ရောဂါအခံရှိတဲ့သူတွေက သေတဲ့သူများလာတဲ့အနေအထားမှာရှိတယ်" ဟု ၎င်းကပြောသည်။

ဖလမ်းမြို့တွင် ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ (၁၀၂၇) ဦးစစ်ဆေးနိုင်ခဲ့ရာ Positive  လူနာ (၃၇၇) ဦးရှိကြောင်း သိရသည်။

တွန်းဇံမြို့နယ်မှ တွန်းဇံမြို့နှင့် ကျီခါးမြို့တွင်လည်း ဇူလိုင်လ (၆) ရက်နေ့အထိ ကိုဗစ်ကြောင့်သေဆုံးသူ (၂၁) ဦးရှိပြီဟု တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာထန်ရှန်က ပြောသည်။

"သေဆုံးသူတွေက ကိုဗစ်ကြောင့်သေဆုံးတယ် ရောဂါအခံရှိကြတယ် ကျနော်တို့မှာ အောက်ဆီဂျင်ဘက်ကတော့ အဆင်တော့ပြေပါတယ် လူနာများကလည်း သိပ်မလိုအပ်သေးတော့ ကျနော်တို့မှာက ကုသရေးပိုင်းမှ ဝန်ထမ်းမလုံလောက် လိုအပ်ချက်ပဲရှိတယ်" ဟု ဒေါက်တာကပြောသည်။

တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ လူပုဂ္ဂိုလ် (၂၆၈၆) ဦးကိုစစ်ဆေးခဲ့ရာမှာ ပိုးတွေ့ Positive လူနာ (၆၁၃) ဦးထိရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာသူ (၅၅၀) ဦးရှိပြီဟု သိရသည်။

အလားတူ တီးတိန်မြို့နယ်မှာလည်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီဟုသိရပြီး ကိုဗစ်ပိုးတွေ့လူနာလည်း ၂၈၀ ကျော်ရှိပြီဟု ကိုဗစ်ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ချင်းပြည်နယ် ထန်တလန်မြို့မှာလည်း ကိုဗစ်ပိုးတွေ့လူနာ ၆၀ ကျော်ရှိပြီး တစ်ဦးသေဆုံးမှုရှိကာ ဟားခါးမြို့မှာလည်း ပိုးတွေ့လူနာ ၇၀ ကျော်ရှိပြီဟု သိရသည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...