သံတွဲမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံး

သံတွဲမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ယမန်နေ့ ည ၉ နာရီခန့်က ဓားထိုးခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ ဆင်ခေါင်းအုပ်ချုပ်ရေးမှူးမှာ ကိုမျိုးဦး (၄၄) နှစ်ဖြစ်သည်။

ယမန်နေ့ ည ၉ နာရီခန့်က အုပ်ချုပ်ရေးမှူး၏ နေအိမ်အတွင်းသို့ လူ ၅ ဦးဝင်လာပြီး သူ့အား ခေါ်ထုတ်သွားပြီးနောက် ခြံရှေ့တွင် ဓားမြောင်ဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရွှေလှေစခန်းမှူး သက်နောင်စိုးက နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။

“ဓားဒဏ်ရာနဲ့ သေဆုံးနေတာပါ။ သေဆုံးသူရဲ့ မိန်းမရဲ့ပြောပြချက်အရ ဓားမြောင်နဲ့ ထိုးတယ်လို့သိရတယ်။ တရားလိုရဲ့ ပြောပြချက်အရ လူငါးယောက်က ထိုးတာပါ။ အိမ်မှာ သူ့မိန်းမနဲ့ သမီးလေးရှိပါတယ်” ဟု ပြောသည်။

ပြစ်မှုကျူးလွန်သူများမှာ ဆင်းခေါင်းကျေးရွာသားများ ဟုတ်မဟုတ်နှင့် မည်သူတို့ဖြစ်သည်ကို ၄င်းတို့အနေဖြင့် စုံစမ်းဆဲဖြစ်ကြောင်း ပြောသည်။

သေဆုံးသူမှာ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ဓားထိုးသွင်းဒဏ်ရာ ၉ ချက်ဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးနေခြင်းဖြစ်ကြောင်း၊ ၄င်းတို့အနေဖြင့် ပုဒ်မ ၃ဝ၂ လူသတ်မှုဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သူက ဆက်ပြောသည်။

သေဆုံးသူ၏ အလောင်းအား ရွှေလှေတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...