သရက်တွင် ဆိုင်ထိုင်စားခွင့်ပိတ်

သရက်တွင် ဆိုင်ထိုင်စားခွင့်ပိတ်

မကွေးတိုင်း၊ သရက်ခရိုင်အတွင်း COVID-19 ရောဂါ ပိုးတွေ့လူများ တိုးလာနေသည့်အတွက် ဇူလိုင်လ ၅ ရက်နေ့ (တင်္နလာနေ့) မှစတင်၍ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်နှင့် လူတိုင်း Mask တပ်ကြရန် ခရိုင် COVID-19 ကော်မတီက သတိပေးနိုးဆော်ထားသည်။

သရက်မြို့တွင် ဇွန်လ ၂၅ ရက်နေ့ မှ ဇူလိုင်လ ၄ ရက်နေ့အထိ ၁၀ ရက်အတွင်း ပိုးတွေ့လူနာ ၄၀ ဦး၊ မင်တုန်းမြို့နယ်တွင် ၅၆ ဦး၊ ကံမမြို့နယ်တွင် ၅ ဦးနှင့် အောင်လံမြို့နယ်ထဲတွင် ၁၀ ဦးရှိခဲ့ရာ၊ သရက်ခရိုင်တစ်ခုလုံး ပိုးတွေ့လူနာစုစုပေါင်း ၁၁၁ ဦး တွေ့ရှိထားကြောင်း သိရသည်။

သရက်ခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်အနက် အထက်မင်းလှမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့တွင်သာ ပိုးတွေ့ရှိမှု မရှိသေးကြောင်း သိရသည်။

စတိုးဆိုင်များ၊ ဖုန်းဆိုင်များ၊ ကုန်မာကဲ့သို့သောဆိုင်များ ပိတ်ထားရမှာဖြစ်ပြီး မရှိမဖြစ် ဆေးဆိုင်ကဲ့သို့သောဆိုင်များသာ ဖွင့်ရမည်ဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင်ပြုလုပ်သည့် ခရိုင်အဆင့် COVID-19 ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း သရက်မြို့ စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောကြားသည်။

”သိပ်မလိုတဲ့ဆိုင်ပိတ်ပေါ့ မနက်ဖန်ကစပြီး လူတိုင်း mask တပ်ရမယ်။ မတပ်ရင် ပညာပေးရက်အတွင်း ဒဏ်ငွေ ၅၀၀ တပ်မယ်လို့ ကော်မတီကဆုံးဖြတ်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိ ကူးစက်မှုအနေအထားအရ ကာကွယ်ဆေးထိုးပြီးသူ {ဆေးရုံဝန်ထမ်းများ (မင်းတုန်း)၊ ပညာရေးဝန်ထမ်းအချို့} နှင့် သရက်ခရိုင်ရဲမှူးကြီး၊ ခရိုင်ရုံးမှ ရဲမှူးအဆင့် အမျိုးသမီးတစ်ဦးတို့လည်း COVID-19 ကူးစက်ခံထားရကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ပို့တွေ့နှုန်း ၁၄ ရာခိုင်နှုန်းတွေ့ရာမှ ယခုအပတ်အတွင်း ၂၀ ရာခိုင်နှုန်း ပတ်ချာလည်ခန့်ရှိလာကြောင်း Stay At Home မြို့နယ်ပေါင်း ၂၆ မြို့နယ်အထိဖြစ်လာကြောင်း ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ်ကို တွေ့ရှိထားပြီး ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်းများ တိုးလာနေသဖြင့် သွားလာလှုပ်ရှားမှုများကို အထူးသတိထားကြရန် ကျန်းမားရေးပညာရှင်များက သိပေးနိုးဆော်ထားသည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...