ကွတ်ခိုင်အနီး တိုက်ပွဲဖြစ်

ကွတ်ခိုင်အနီး တိုက်ပွဲဖြစ်

ဇူလိုင်လ ၄ ရက်နေ့ (ယမန်နေ့) တွင် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြေပြင်ရှိ အရာရှိတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ်၊ မန်လုံကျေးရွာနှင့် ကျောင်းပြန်ကျေးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အရာရှိတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ကွတ်ခိုင်မြို့ထဲကနေလည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုများအနက် ကွတ်ခိုင် မြို့မ စစ်ကောင်စီတပ်စခန်းဘက်မှလည်း နံနက် ၉ နာရီခွဲ ဝန်းကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားရာဘက်သို့ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ကူပေးခဲ့သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

ယနေ့တိုက်ပွဲနှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မန်လုံကျေးရွာသည် ၂၀၁၆ ခုနှစ်ကတည်းက စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်ကြသည့် KIA, TNLA, MNDAA, AA တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် ရွာလုံးကျွတ် စစ်ရှောင်ခဲ့ရသည့် ကျေးရွာတစ်ရွာဖြစ်သည်။

အဆိုပါစစ်ရှောင်များသည် လက်ရှိအချိန် ကွတ်ခိုင်မြို့ရှိ KBC စစ်ရှောင်စခန်း အမှတ် (၂) Camp 2 တွင် စစ်ရှောင်နေရဆဲဖြစ်သည်။

 
 

 

 

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...