အမ်းမြို့နယ်တွင် ညမထွက်ရအမိန့် နောက်ထပ်နှစ်လထပ်တိုး

အမ်းမြို့နယ်တွင် ညမထွက်ရအမိန့် နောက်ထပ်နှစ်လထပ်တိုး

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂ ရက်နေ့မှစ၍ ညနေ ၉ နာရီမှ နံနက် ၅ နာရီအထိ နှစ်လတိတိ ညမထွက်ရအမိန့် တိုးမြှင့်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

ညမထွက်ရအမိန့်ကို အသံချဲ့စက်ဖြင့် မြို့ကိုပတ်၍ ကြေညာခဲ့သည်ဟု အမ်းမြို့နယ် လူမှုရေးလှုပ်ရှားသူ ကိုမျိုးလွင်က နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ဘာအတွက်ကြောင့် ထုတ်တာလဲ မသိဘူး။ မိုးကလည်းရွာနေတော့ ကျေညာတာကို သိပ်သေးသေးကွဲကွဲမကြားရဘူး။ ညမထွက်ရအမိန့်ထုတ်တယ်လို့တော့ ကြားလိုက်ပါတယ်။ အရင်ကလိုပဲ လုံခြုံရေးအရ ထုတ်တယ်လို့ပဲပြောမှာပါ။ အရင်ကဆိုရင် ညမထွက်ရအမိန့် ထုတ်ထားပေမယ့် မြို့တွင်းမှာ တချို့နေရာက ထွက်လို့ရတယ်။ သူတို့တပ်တွေရှိတဲ့ နေရာတွေမှာတော့ မထွက်ရဘူးပေါ့။ အလုပ်အစောကြီးသွားရတဲ့သူတွေမှာ အခက်အခဲဖြစ်နေကြတာပေါ့” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အားဆက်သွယ်ရာ ၄င်းက ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ဒီနေ့ကနေ နောက်နှစ်လအထိပေါ့။ အရင် ညမထွက်ရအမိန့်ကို ထပ်တိုးလိုက်တာပါ။ ဘာကြောင့် ထုတ်ပြန်ရတယ်ဆိုတာကိုတော့ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ စာပို့ထားပါတယ်” ဟုပြောကာ ထပ်မံဖြေဆိုခြင်းမရှိပဲ ဖုန်းချသွားခဲ့သည်။

၄င်း ညမထွက်ရအမိန့်ထုတ်ပြန်သည့်အတွက် တောင်ယာ၊ လယ်လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပြုသူများ၊ နံနက်စောစော အလုပ်ခွင်ဝင်ရန်သွားရောက်ရသည့် လူများအနေဖြင့် အခက်အခဲဖြစ်နေကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...