တီးတန်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ကိုဗစ်ကြောင့် ၄ ဦးသေဆုံး

တီးတန်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ကိုဗစ်ကြောင့် ၄ ဦးသေဆုံး

တီးတိန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၄ ဦး ယနေ့သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး အသက် ၅၂ အရွယ် ဦးကျူံးလျန်ထန်၊ အသက် ၆၇ နှစ်အရွယ် တီးတိန်မြို့မိ/မြို့ဖတစ်ဦးဖြစ်သည့် ဦးခမ်ဆွမ်းမုန်နှင့် အသက် ၄၁ နှစ်အရွယ် ဦးလမ်ခန့်လျန်တို့ သေဆုံးခဲ့ကြပြီး သံသယလူနာတစ်ဦးဖြစ်သည့် အသက် ၆၀ ဝန်းကျင်ခန့်ရှိသည့် အမျိူးသမီးတစ်ဦးလည်း သေဆုံးခဲ့သည်ဟု တီးတိန်မြို့ Covid-19 Emergency Response Team အဖွဲ့ထံမှ သိရသည်။

ယခုလက်ရှိတွင်လည်း တီးတိန်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၀ ကျော်ရှိနေပြီး တီးတိန်မြို့ပြည်သူ့ဆေးရုံနှင့် FBBC ကျမ်းစာကျောင်းတွင် ထားရှိကာကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

“ရောဂါအခြေအနေ ဆိုးတဲ့သူတွေကို ပြည်သူ့ဆေးရုံမှာထားတယ်၊ အခု ပိုးတွေ့လူနာတွေကုသရေးအတွက် ဆေးဝါးတွေလိုအပ်နေတယ်" ဟု တီးတိန်မြို့ Covid-19 Emergency Response Team အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တီတိန်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ကူးစက်မှုမြင့်တက်နေသည့်အတွက် ယနေ့ ဇူလိုင် ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်မြို့လုံး Lockdown ထပ်တိုးလိုက်သည်ဟု သိရသည်။

 
 

 

 

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...