တီးတန်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ကိုဗစ်ကြောင့် ၄ ဦးသေဆုံး

တီးတန်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ကိုဗစ်ကြောင့် ၄ ဦးသေဆုံး

တီးတိန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၄ ဦး ယနေ့သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး အသက် ၅၂ အရွယ် ဦးကျူံးလျန်ထန်၊ အသက် ၆၇ နှစ်အရွယ် တီးတိန်မြို့မိ/မြို့ဖတစ်ဦးဖြစ်သည့် ဦးခမ်ဆွမ်းမုန်နှင့် အသက် ၄၁ နှစ်အရွယ် ဦးလမ်ခန့်လျန်တို့ သေဆုံးခဲ့ကြပြီး သံသယလူနာတစ်ဦးဖြစ်သည့် အသက် ၆၀ ဝန်းကျင်ခန့်ရှိသည့် အမျိူးသမီးတစ်ဦးလည်း သေဆုံးခဲ့သည်ဟု တီးတိန်မြို့ Covid-19 Emergency Response Team အဖွဲ့ထံမှ သိရသည်။

ယခုလက်ရှိတွင်လည်း တီးတိန်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၀ ကျော်ရှိနေပြီး တီးတိန်မြို့ပြည်သူ့ဆေးရုံနှင့် FBBC ကျမ်းစာကျောင်းတွင် ထားရှိကာကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

“ရောဂါအခြေအနေ ဆိုးတဲ့သူတွေကို ပြည်သူ့ဆေးရုံမှာထားတယ်၊ အခု ပိုးတွေ့လူနာတွေကုသရေးအတွက် ဆေးဝါးတွေလိုအပ်နေတယ်" ဟု တီးတိန်မြို့ Covid-19 Emergency Response Team အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တီတိန်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ကူးစက်မှုမြင့်တက်နေသည့်အတွက် ယနေ့ ဇူလိုင် ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်မြို့လုံး Lockdown ထပ်တိုးလိုက်သည်ဟု သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...