မြစ်ကြီးနားတွင် ပြန်လွှတ်ပေးသူ ၁၄၀ ရှိ

မြစ်ကြီးနားတွင် ပြန်လွှတ်ပေးသူ ၁၄၀ ရှိ

အာဏာသိမ်းဆန့်ကျင်ရာတွင် ပါဝင်သည့်အတွက် ဖမ်းဆီးခံခဲ့ရသူ ၁၄၀ ခန့် မြစ်ကြီးနားအကျဉ်းထောင်အတွင်းက ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက ပြန်လွတ်လာကြောင်း မိသားစုဝင်များထံမှ သိရသည်။

မြစ်ကြီးနားထောင်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရပြီး၊ တရားရင်ဆိုင်နေရဆဲ အမျိုးသား ၉၀ ကျော်နှင့် အမျိုးသမီး ၄၀ ကျော် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ယခု ပြန်လည်လွတ်မြောက်လာသူတွေထဲတွင် သတင်းထောက်များ၊ ရှေ့နေများနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ အခြားဝန်ကြီးများ ပါဝင်ခြင်းမရှိသေးဟု သိရသည်။

အာဏာသိမ်းစစ်အစိုးရကတော့ ကချင်တစ်ပြည်နယ်လုံးမှာ ဆူပူဆန္ဒပြသူများနှင့်စပ်လျဉ်း၍ ဖမ်းဆီးအရေးယူထားသူများအနက် အမျိုးသား ၉၅ ဦး၊ အမျိုးသမီး ၅၀ ဦးကို ပထမဦးစားပေး ပြန်လွတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက်နှင့် နိုင်ငံတာကာဖိအားတစ်ချို့ကြောင့် ၎င်းတို့အတွက် အန္တရယ်မရှိသူဟု ယူဆသူများအား စစ်ကောင်စီက ဦးစားပေးလွတ်ပေးခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

“ဘာပဲဖြစ်ဖြစ် အခုလိုလွတ်လာတာ ကောင်းပါတယ်။ ဘာလို့ဆို နဂိုကတည်းက ဖမ်းဖို့မလိုဘဲ ဖမ်းထားသူတွေပဲဟာ“ ဟု ၎င်းကဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည်ဟုဆိုကာ ဖမ်းဆီးထားသော အကျဉ်းသားများထဲမှ ၂၃ဝဝ နီးပါးကို ဇွန်လ ၃ဝ ရက်နေ့၊ မနေ့က ပြန်လွှတ်ပေးခဲ့သည်။

ဖမ်းထားသူ ၅ဝဝဝ ကျော်ရှိသည့်အတွက် ကျန်လူ ၃ဝဝဝ ခန့်သည် အကျဉ်းထောင်နှင့် ရွှေပြည်သာ စစ်ကြောရေးစခန်းများကဲ့သို့ နေရာများထဲတွင် ရှိနေဆဲဖြစ်သည်။

 
 

 

 

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...