မူဆလင်ဒုက္ခသည်စခန်းနှင့် ရခိုင်စစ်ဘေးရှောင်စခန်းများ စားနပ်ရိက္ခာများပြတ်လပ်

မူဆလင်ဒုက္ခသည်စခန်းနှင့် ရခိုင်စစ်ဘေးရှောင်စခန်းများ စားနပ်ရိက္ခာများပြတ်လပ်
by -
ကောင်းကျော်နိုင် (BNI)

ရခိုင်ပြည်နယ်တွင် မူဆလင်ဒုက္ခသည်စခန်းနှင့် ရခိုင်စစ်ဘေးရှောင်စခန်းများသို့ ပုံမှန်ထောက်ပံ့ပေးနေသည့် စားနပ်ရိက္ခာများ မရောက်သည်မှာနှစ်လနီးပါးခန့် ကြာနေပြီဖြစ်သောကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း မူဆလင်ဒုက္ခသည်စခန်းနှင့် ရခိုင်စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ရသူများက ပြောသည်။

“တစ်လတစ်ကြိမ် ပုံမှန်ထောက်ပံ့ပေးနေတဲ့ ထောက်ပံ့မှုတွေမရောက်တော့ ကျွန်တော်တို့မှာ တော်တော်အခက်အခဲဖြစ်နေကြပါပြီ။ အပြင်ထွက်ပြီး အလုပ်လုပ်တာကလည်း ပုံမှန်မရဘူး။ အဲဒီအထောက်အပံ့လေးတွေနဲ့ အဆင်ပြေသလိုစားနေကြတာဆိုတော့ တော်တော်လေး အခက်တွေ့နေကြရပါတယ်” ဟု ပလက်ဝမြို့နယ်မှ စစ်တွေမြို့၊ ဥဿလင်းဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလုံနေတဲ့ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးရွှေကျော်ဝင်းက ပြောသည်။

စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မူဆလင်ဒုက္ခသည်စခန်းတွင်လည်း ဆန်ရိက္ခာထောက်ပံ့မှုမရောက်သည်မှာ နှစ်လခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် စားဝတ်နေရေးအခက်အခဲ့ဖြစ်နေကြကြောင်း မူဆလင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။

“ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ပေါ့။ WFP အဖွဲ့က လစဉ်ပုံမှန်ကူညီပေးနေတာပါ။ အခုအကူအညီမရောက်တာ နှစ်လလောက်ရှိနေပြီ။ ကျွန်တော်တို့မှာ တော်တော်အခက်အခဲဖြစ်နေကြပါတယ်။ ကျွန်တော်တို့ကို ကူညီနိုင်သလောက် ကူညီပေးကြပါလို့ ပြောချင်ပါတယ်” ဟု သက္ကယ်ပြင် မူဆလင် ဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရခိုင်က စစ်ဘေးရှောင်စခန်းများကို ကူညီပေးနေသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌနမှ လစဉ်ပုံမှန်ထောက်ပံ့ပေးနေမှု ကြန့်ကြာမှုများရှိသလို မူဆလင်ဒုက္ခသည်စခန်းများကို ပုံမှန်ထောက်ပံ့ပေးနေသည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ ထောက်ပံ့မှုသည်လည်း နှစ်လနီးပါးအထိ ကြာမြင့်နေပြီဖြစ်သောကြောင့် စားသောက်ရေးအခက်အခဲနှင့် ကြုံနေကြရကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...