မင်းဝံတောင်ကြောတွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

မင်းဝံတောင်ကြောတွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ဒေသများတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။

တိုက်ပွဲမှာ ထီးချိုင့်မြို့နယ်နှင့် အင်းတော်မြို့နယ်အစပ်၌ရှိသော မင်းဝံတောင်ကြောပေါ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၆ ရက်နေ့ နေ့ခင်းပိုင်းက ကျောက်အိုက်တောင်နှင့် မော်ကွန်းတောင်တို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့က ပြောက်ကြားတွေဆိုတော့ လက်ဦးမှုရှိရှိ ပစ်တယ်။ ပြေးတယ်။ အဲ့တော့ ဘေးကင်းတယ်ပေါ့ဗျာ“ ဟု ပြောသည်။

ကားလမ်းအတိုင်း တက်လာသည့် စစ်ကား ၃ စီးကို ဒေသခံ PDF တပ်များက ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ၁၀ မိနစ်ကျော်ခန့် ကြာ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း PDF တပ်များဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်း ပြောဆိုခဲ့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့များ ပါဝင်ခြင်း ရှိ/မရှိကိုမူ အဆိုပါဒေသခံ PDF အဖွဲ့ဝင်က ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

ဒေသခံအချို့၏အဆိုရ အရာရှိတစ်ချို့အပါအဝင် စစ်ကောင်စီဘက်မှ အယောက် ၂၀ ခန့် ဒဏ်ရာရှိခဲ့ပြီး ကောလင်းဆေးရုံနှင့် ဝန်သိုဆေးရုံများသို့ သယ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်များ၏ အကျအဆုံးကို အတည်ပြုရန်ကြိုးစားနေကြောင်း ထီးချိုင့် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...