မောင်တောတွင် မြိုအမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ပွဲချင်းပြီးသေဆုံး

မောင်တောတွင် မြိုအမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ပွဲချင်းပြီးသေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝက်ကျိန်းမြိုရွာမှ အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မြိုအမျိုးသား နန်ခိုင် (၃၅) နှစ်ဖြစ်သည်။

သူသည် ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ဝက်ကျိန်းကျေးရွာအနီး မေယုတောင်တန်းတွင် ဝါးခုတ်ရန်သွားရာမှ မိုင်းနင်းမိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝက်ကျိန်းမြိုရွာဆရာတော် ဦးနန္ဒက နိရဥ္စရာသတင်းဌာနအား မိန့်သည်။

“အဲဒီနားက တပ်မတော် လွန်ခဲ့တဲ့တစ်နှစ်ကျော်က စခန်းချခဲ့တယ်။ သူတို့ပြန်ခါနီးတော့ မိုင်းတွေရှိနိုင်တယ်။ မသွားကြဖို့မှာခဲ့တယ်။ ရွာသားတွေကို။ ဒါပေမဲ့ မရှိနိုင်လောက်တော့ဘူး။ ကြာလည်းကြာပြီဆိုပြီး သွားကြတယ်ထင်တယ်။ တောင်ယာလုပ်ဖို့။ ဟင်းရှာဖို့၊ ဝါးခုတ်ဖို့သွားကြတယ်။ အဲဒီလိုသွားကြတာမှာ နင်းမိတာပါ။ ဆေးရုံကားခေါ်ထားတာ ဆေးရုံမရောက်လိုက်ဘဲ ရွာမှာပဲဆုံးတယ်” ဟု မိန့်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တောမြို့မရဲစခန်းမှူး ဒု-ရဲမှူးမြင့်ကျော်ကလည်း အဆိုပါအမျိုးသားသေဆုံးမှုမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ဝဲခြေကျင်းဝတ်ပြတ်၊ ယာခြေသလုံး မိုင်းစထိမှန်၊ ပါးမှာ မိုင်းစထိမှန်ပြီး သေဆုံးတာ။ တောင်ယာလုပ်ဖို့သွားရာကနေ တောင်ယာအနီး ရေနံချောင်းတောင်ပေါ်အခင်းဖြစ်နေရာအရောက် ဒေသန္တရလက်လုပ်မိုင်းကို နင်းမိပေါက်ကွဲတာပါ” ဟု ပြောသည်။

ရခိုင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ တိုက်ပွဲများရပ်တန့်နေသည့် ယခုအချိန်ထိ မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် လူပေါင်း ၅ဝ ထက်မနည်းသေဆုံးပြီး ၈ဝ ကျော် ထိခိုက်ဒဏ်ရာရရှိထားပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများအရ သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...