ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေး ထောင်ဒဏ် ၂ နှစ် ၄ လ အမိန့်ချမှတ်ခံရ

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေး ထောင်ဒဏ် ၂ နှစ် ၄ လ အမိန့်ချမှတ်ခံရ

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးအား ဇွန်လ ၂၃ ရက်နေ့က ထားဝယ်အကျဉ်းထောင် အထူးတရားရုံး၌ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပြင် လိုင်စင်မဲ့ကားအသုံးပြုသည့်အတွက် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် ၄ လ အမိန့်ချမှတ်လိုက်ကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

အဆိုပါ ထောင်ဒဏ်အမိန့်ချခံရသည့်အပေါ် မိသားစုမှ ကိုကျော်ထွေး၏ ရှေ့နေဖြစ်သူနှင့်တိုင်ပင်ပြီး အယူခံဝင်၊ မဝင် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ကိုကျော်ထွေးနှင့် မိသာစုဝင်များ တွေ့ခွင့်မရသေးကြောင်း ၄င်းကဆိုသည်။

အဆိုပါ အမှုထဲတွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် လိုင်စင်မဲ့ကား မောင်းနှင်အသုံးပြုသည့်အတွက် ထောင်ဒဏ် ၄ လ အမိန့်ချခံရကြောင်း သိရသည်။

ကိုကျော်ထွေးသည် မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့၊ ဝဲကျွန်း (၄) လမ်းထိပ်ရှိ ကားဝပ်ရှော့ခ်တွင် ကားပြုပြင်နေစဉ် အရပ်ဝတ်နှင့် စစ်သား၊ ရဲများ ရုတ်တရက်ရောက်ရှိလာပြီး ထိုးကြိတ်ကာ ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံထားရသည့် ဆန္ဒပြလှုပ်ရှားမှုသပိတ်ဦးဆောင်သူ ကိုအောင်ဝေယံကျော်ကိုလည်း ဇွန်လ ၂၁  ရက်နေ့က ထောင်ဒဏ် ၄ နှစ် အမိန့်ချခံထားရသည်။

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...