ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုရှိလာသောကြောင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့မှ ကိုဗစ်ကာကွယ်ရေးအတွက် သတိပေးထုတ်ပြန်ချက်များထုတ်ပြန်ထား

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုရှိလာသောကြောင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့မှ ကိုဗစ်ကာကွယ်ရေးအတွက် သတိပေးထုတ်ပြန်ချက်များထုတ်ပြန်ထား

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုရှိလာသောကြောင့် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့မှ ကိုဗစ်ကာကွယ်ရေးအတွက် ယနေ့ (၂၃.၆.၂၀၂၁) ရက်တွင် ကိုဗစ်သတိပေးထုတ်ပြန်ချက် ၁၁ ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

"အဲဒီထုတ်ပြန်ချက်က ကျွန်တော်တို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှုင်းပြီးတော့ ဂိုဏ်းပေါင်းစုံအဖွဲ့နဲ့ ကျွန်တော်တို့က ထုတ်ပြန်ထားတာဖြစ်တယ်။ ဟားခါးကတော့ lockdown သဘောတော့ မဟုတ်သေးဘူး" ဟု သင်းအုပ်ဆရာ Lian Hup Ling မှ ဖြေကြားသည်။

ထုတ်ပြန်ချက်တွင် စားသောက်ဆိုင်များ၌ ဝယ်ယူပါက ပါဆယ်စနစ်ဖြင့်သာရောင်းရန်၊ နေ့စဉ်ပုံမှန် မပျက်မကွက် mask တပ်ရန်နှင့် လက်အိတ်စွပ်ရန်၊ အပြင်မထွက်ရန်၊ ခြောက်ပေအကွာတွင်နေရန်၊ ဆေးရုံနှင့် ဆေးခန်းသွားတဲ့အချိန်မှာ မိသားစုတစ်စုမှ လူ ၂ ယောက်နဲ့သာသွားပြရန်၊ ကားနဲ့ အပြင်သွားမည်ဆိုရင်လည်း လူနှစ်ယောက်ပဲစီးရန် စသည့်အချက်များပါဝင်သည့် အချက် ၁၁ ချက် ထုတ်ပြန်ထားသည်။

ဟားခါးမြို့ ‌ကိုဗစ်စစ်ဆေးမှုနှင့် ပတ်သက်ပြီး အဆိုပါသင်းအုပ်ဆရာမှ "စဖြစ်တာက ရမ်ထလိုရွာမှာ ဓမ္မအမှုတော်ဆောင်တဲ့ မိသားစုကနေ စသိဖြစ်တာ၊ တစ်နေရာနဲ့တစ်နေရာ သွားတာတော့ သိပ်မရှိပါဘူး၊ အဲ့လို တစ်ဆင့်ပြီးတစ်ဆင့် ကူးတာလား သေချာတော့မသိဘူး။ ကျွန်ဝောာ်တို့က ကျန်းမာရေး ဝန်ထမ်းမဟုတ်တော့။ အများအားဖြင့်တော့ ဟားခါးမြို့ပေါ်ကလူတွေပါ၊ သူတို့ခရီးသွားလား မသွားလားတော့ မသိဘူး။ ကိုဗစ်စစ်ချင်တဲ့သူတွေကတော့ လာစစ်ချင်တဲ့သူ လာစစ်လို့ရတယ်၊ မနက် ၁၀ နာရီကနေ ၁ နာရီထိ သတ်မှတ်တယ်၊ စနေနဲ့ တနင်္ဂနွေနေ့တော့ နားမယ်ပေါ့ အဲ့လို။ သတ်မှတ်တဲ့နေရာကတော့ မနေ့နဲ့ ဒီနေ့က Carson Hall ခန်းမမှာ စစ်တယ်၊ နောက် နက်ဖန်နဲ့ သဘက်ခါက မြို့တော်ခန်းမမှာပေါ့ အဲ့လိုတွေသတ်မှတ်တယ်" ဟု သင်းအုပ်ဆရာ Lian Hup Ling မှ ပြောသည်။

ဟားခါးမြို့တွင် ယခုချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၂ ဦးရှိပြီဖြစ်ကြောင်းလည်း သိရသည်။

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...