ဗလမင်းထင်တံတားအနီး ပစ်ခတ်မှုဖြစ်

ဗလမင်းထင်တံတားအနီး ပစ်ခတ်မှုဖြစ်

ဇွန်လ ၂၃ ရက်နေ့ (ယနေ့) ည ၈ နာရီခန့်မှစတင်၍ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားဘက်မှ ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး၊ လေယာဉ်ပျံများ ပျံသန်းနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့ ဒေသခံတစ်ဦးက “သေနတ်သံတွေဆို ဆက်တိုက်ပဲ။ ဒိုင်း ဒိုင်း ဒိုင်းနဲ့၊ လက်နက်ကြီး အသံလိုမျိုးလား အကျယ်ကြီးတွေလည်း ကြားရတယ်။ ဆက်တိုက်ပစ်နေကြတာ။ ဗလမင်းထင်တံတားဘက်နေ ကြားနေရတာဟုတ်တယ်။ အခုထိပဲ။ အပေါ်မှာလည်း ဟက်စကီတွေပျံနေတာ၊ ဝဲနေတာပဲ။ မိုင်းနားဘက်မှာလည်း ပြောကြတယ်။ တံတားဟိုဘက်လောက်မှာ ကြားရတာဟုတ်တယ်။ အသံအကျယ်ကြီးပဲ ကြောက်စရာကြီး” ဟု ပြောသည်။

သတင်းနှင့်မီဒီယာကွန်ရက်က ဆက်သွယ်မေးမြန်းစဉ် အဆိုပါဒေသခံက “ကြားရလား အခုလည်း ကြားလား ကြားလား လေယာဉ်အသံ သွားနေတုန်း၊ ကြောက်စရာကြီး။ အသံတွေဆို ကြောက်စရာကြီးနော်။ မြေကြီးတွေတောင်တုန်တယ်။ လူတွေလည်းကြောက်ပြီး လမ်းပေါ်တွေထွက်နေကြတာ။ ဆူညံနေတာပဲ။ အားလုံး ပုန်းနေဖို့လည်း အော်တဲ့လူကအော်နဲ့ သိလား” ဟု ပြောသည်။

ယနေ့ ည ၈ နာရီခန့်စတင်၍ သေနတ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အသံများ ကြားရသော်လည်း မည်သည့်အဖွဲ့အစည်းများကြား ပစ်ခတ်နေကြသည်ကို မသိသေးဘူးဟု ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်၏လေယာဉ်များ မြို့အနှံ့ ဆက်တိုက်ပျံဝဲနေသည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။

ဇီးလွန်ရပ်ကွက်ဘက်က ဒေသခံတစ်ဦးကလည်း “ကျနော်တို့ဘက်ကနေလည်း အသံကြားရတယ်။ တိုက်ပွဲဖြစ်တာလား ဘာလားတော့မသိဘူးနော်။ ပစ်နေကြတာ မိနစ် ၂၀၊ ၃၀ လောက်ကြတယ်။ လေယာဉ်ကလည်း ကျနော်တို့ ဇီးလွန်ဘက်မှာ ဆင်းနေသလိုပဲ” ဟု ပြောသည်။

ဗလမင်းထင်တံတားသည် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင်တည်ရှိပြီး မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကိုဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုများနှင့်ပတ်သက်သည့် နောက်ဆက်တွဲအခြေအနေများကိုလည်း သတင်းဆက်လက်ဖော်ပြပေးသွားပါမည်။

မြို့တော် မြစ်ကြီးနားတွင် ယခုကဲ့သို့ ပစ်ခတ်မှုများ ယခင်က မဖြစ်ခဲ့သော်လည်း ဝိုင်းမော်မြို့-ဒေါ့ဖုန်းယန်-မိုး မောက်-ဗန်းမော် လမ်းတစ်လျှောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသည်မှာ မတ်လမှစတင်၍ ယနေ့အချိန်ထိဖြစ်သည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...