မီဇိုရမ်တွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသော ရူပီး သိန်း ၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

မီဇိုရမ်တွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသော ရူပီး သိန်း ၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

ချင်းပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသည့် ရူပီး သိန်း (၂၀၀) ကျော်တန်ဖိုးရှိ Methamphetamine ခေါ် မူးယစ်ဆေးဝါးကို ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ညက ဒေသတွင်းမူးယစ်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အလုံးရေ ၇ သောင်းကျော်ခန့်ရှိသော အဆိုပါ Methamphetamine မူးယစ်ဆေးဝါးကို မီဇိုရမ်ပြည်နယ်သား Vanlalruata ဆိုသူမှ မြန်မာနိုင်ငံမှ အိန္ဒိယ-မြန်မာနယ်စပ်ကိုဖြတ်ကျော်ကာ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ကျန်ဖိုင်းခရိုင် စစ်ဆေးရေးဂိတ်တွင် ရဲများက စစ်ဆေးခဲ့ရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်အတူ ဆက်နွယ်သည့် အခြားလူ ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ယင်းဇွန်လ ၂၂ ရက်နေ့တွင်ပင် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် အာသံရိုင်ဖယ်တပ်က ဖောက်ခွဲရေးတွင်အသုံးပြုသည့် ပစ္စည်းကိရိယာအမြောက်အများ အိတ် ၆၃ အိတ်၊ ကျောက်ခွဲမိုင်း ၃၇ ဖာ၊ ပြင်းအားကောင်းသည့်မိုင်း (Special Detonator) ၆ ဖာ နှင့် ဝါယာကြိုးခွေ ၄ ထုတ်အား ဖမ်းဆီးခဲ့သေးသည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...