သထုံမြို့နယ် နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

သထုံမြို့နယ် နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

သထုံမြို့နယ်ရှိ နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဇွန်လ ၂၁ ရက်က သေနတ်ပစ်ခတ်ခံရပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ‌ဒေသခံများထံက သိရသည်။

စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းသည် ၄င်းနေအိမ်ရှိ သစ်သီးဆိုင်၌ ဈေးရောင်းနေစဉ် ‌ဆိုင်ကယ်စီးလာသော အမည်မသိလူနှစ်ဦးမှ စျေးဝယ်ဟန်ဆောင်၍ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၄ ချက်ထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။

“ဒူးရင်းသီးဝယ်သလိုနဲ့ လူနှစ်ယောက်ဝင်လာပြီး သေနတ်နဲ့ပစ်ထည့်လိုက်တာပဲ၊ ပြီးတော့ သူတို့ဆိုင်ကယ်နဲ့ပဲ ထွက်သွားတာ” ဟု နောင်ဘိုရွာသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ လူသတ်မှုအခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သထုံမြို့နယ်‌ အဝင်/အထွက်နှင့် နေရာအချို့တွင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း သတင်းမကြားသိရပေ။

အလားတူ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ပြည်ခိုင်းဖြိုးပါတီဥက္ကဌ ဦးမြင့်ဆွေသည် အလူးလေးကျေးရွာရှိ ခြံထဲသွားစဉ် အမည်သိသူနှစ်ဦးမှ ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

ယခုဇွန်လအတွင်း ရန်ကုန်တိုင်း တာမွေမြို့နယ် ကျားသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်၊ လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦး၊ ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်း မြင်းခြံမြို့နယ် ဇလပ်ကုန်းရွာ အုပ်ချုပ်ရေးမှူး၊ မကွေးတိုင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၂ ဦး၊ စစ်ကိုင်းတိုင်း တန့်ဆည်မြို့က တစ်ဦး၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ကမြောကင်းကျေးရွာအုပ်ချုပ်ရေးမှူး တို့ အသတ်ခံရပြီး စစ်အာဏာသိမ်းပြီးချိန်မှစ၍ တစ်နိုင်လုံးရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူး အနည်းဆုံး ၁၃ ဦးမှာ လက်သည်မပေါ်ဘဲ အသတ်ခံခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။

 
 

 

 

September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...
ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...