ကလေးမြို့တွင် လင်မယားနှစ်ဦးလုံး ရှေ့ဆင့်နောက်ဆုံးသေဆုံးမှု တစ်ရက်အတွင်း နှစ်ခုဖြစ်ပွား

ကလေးမြို့တွင် လင်မယားနှစ်ဦးလုံး ရှေ့ဆင့်နောက်ဆုံးသေဆုံးမှု တစ်ရက်အတွင်း နှစ်ခုဖြစ်ပွား

စစ်ကိုင်းတိုင်း ကလေးမြို့တွင် လင်မယားနှစ်ဦးလုံး တစ်ရက်ထဲ ရှေ့ဆင့်နောက်ဆင့်သေဆုံးမှု ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့တွင် နှစ်ခုဖြစ်ပွားပြီး မည့်သည့်ရောဂါကြောင့်သေဆုံးသည်ကို အသေးစိတ်မသိရကြောင်း သိရသည်။

ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင်နေထိုင်သည့် Rev Thian Khaw Tiam (အသက် ၈၁ နှစ်) နှင့် အသက် (၇၂) နှစ်အရွယ် ဇနီးဖြစ်သူတို့မှာ ယနေ့နေ့လည် ၁၂ နာရီခန့်တွင် နာရီဝက်ခန့်ခြားကာ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အခြားထပ်မံသေဆုံးခဲ့သည့် လင်မယားနှစ်ဦးမှာ ကလေးမြို့နယ် အောင်ရွာတွင်နေထိုင်သည့် Daw Sui Thluai (၃၈ နှစ်) ဖြစ်ပြီး ညနေပိုင်းတွင်သေဆုံးခဲ့ခြင်းဖြစ်ကာ သိပ်မကြာခင်တွင်ပင် ၎င်း၏အမျိုးသားဖြစ်သူ Pu Khup Lan mang (၄၀ နှစ်) မှာလည်း သေဆုံးခဲ့ကြောင်း သိရသည်။

အောင်ရွာတွင်သေဆုံးခဲ့သည့် Daw Sui Thluai မှာ ကိုယ်ဝန် ၇ လ လွယ်ထားသူဖြစ်ပြီး သေဆုံးချိန်တွင် သားသမီး ၅ ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကလေးမြို့ခံတစ်ဦးမှ “သူတို့တွေ သေဆုံးသွားတာတော့ဟုတ်တယ်၊ ဘာရောဂါနဲ့သေဆုံးတာလည်းဆိုတာတော့ မသိရဘူး၊ ဒါပေမယ့် သဂြိုလ်တဲ့အချိန်မှာတော့ ကိုဗစ်စည်းကမ်းနဲ့အညီ သဂြိုလ်ပေးလိုက်တယ်” ဟု ပြောသည်။

ကလေးမြို့တွင် လက်ရှိမှာ ကိုဗစ်ရောဂါများ ဆိုးရွားစွာဖြစ်ပွားနေပြီး နေ့စဉ်သေဆုံးသူ အနည်းဆုံးငါးဦးခန့် သေဆုံးနေရပြီး လူမှုရေးအသင်းများနှင့် ဘာသာရေးအဖွဲ့များမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် စီစဉ်ပေးနေရကြောင်း သိရသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...