အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၆၀ ကျော်ရှိပြီ

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၆၀ ကျော်ရှိပြီ

အိန္ဒိယ - မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာမြို့ ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၀ နီးပါးရှိပြီဖြစ်ကြောင်း ရိဒ်ပြန်ဆက်ဦးစီးမှူး ဦးပက်လောမ်မာကပြောသည်။

"ကျနော်တို့ စတင်စစ်ဆေးတဲ့နေ့ကနေ ယနေ့ထိက ရောဂါကူးစက်သူက ၁၆၂ ဦးရှိပြီ ကူးစက်ခံရတဲ့သူတွေက အခုထိတော့ အဲလောက်ထိ ကျန်းမာရေးဆိုးဆိုးရွားရွားရှိတဲ့သူတွေတော့ဖြစ်တဲ့သူတွေတော့မရှိဘူး ကျန်းမာရေး အခြေအနေကောင်းကြပါတယ် ၁ ယောက် ၂ ယောက် ၃ ယောက်လောက်တော့ ဆေးရုံတင်ထားတာတော့ရှိတယ် အဲဒီတစ်ယောက်နှစ်ယောက်လောက်တော့ အောက်ဆီဂျင်တော့ပေးရတယ် ကျနော်တို့ဘက်ကူးစက်တဲ့သူတွေက လူလတ်ပိုင်းဘက်ပိုများတယ် ကျနော်မှတ်တမ်းအရဆိုရင် အသက် ၃၀ နဲ့ ၄၀ ပတ်ဝန်းကျင်တွေပိုများတယ်" ဟု ရိဒ်ပြန်ဆက်ဦးစီးမှူး ဦးပက်လောမ်မာကပြောသည်။

ရိဒ်ခေါ်ဒါရ်မြို့တွင် ကွာရန်တင်းစင်တာ သီးသန့်မရှိသည့်အတွက် လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်သူများကို မိမိအိမ်များတွင် Home Quarantine အဖြစ်ထားရှိကာ ကုသုမှုဆောင်ရွက်နေကြောင်း သူကဆက်ပြောသည်။

အိန္ဒိယ - မြန်မာနယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်မြို့တွင် အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက် ၂ ခုရိပြီး  ကိုဗစ်ကူးစက်ခံရသူ အမှတ် (၂) ရပ်ကွက်တွင် (၁၄၂) အမှတ် (၁) ရပ်ကွက်တွင် (၂၀) ဦးရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ တစ်ဦးရှိပြီဟုသိရပြီး သေဆုံးသူမှာ နယ်ခံမဟုတ်ဘဲ ကလေးမြို့ကဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ ကုသရေးပိုင်းတွင် ရိဒ်ခေါ်ဒါရ်မြို့၌ တိုက်နယ်ဆေးရုံအဆင့်သာရှိခြင်းကြောင့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ကုသပေးမည့် သူနာပြုဆရာ/ဆရာမများ မလုံလောက်ကြောင်း ပြန်ဆက်ဦးစီးမှူးကပြောသည်။

အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့  ရိဒ်ခေါ်ဒါရ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးမှုကို ဇွန်လ ၇ ရက်နေ့ကစတင်ပြီး ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ လုပ်ဆောင်ခဲ့ရာ ယနေ့အချိန်အထိ ကူးစက်ခံရသူစုစုပေါင်း ၁၆၂ ဦးရှိပြီဖြစ်သည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...