ကလေးမြို့တွင် သံသယလူနာ ၅ ဦးအပါအဝင် ကိုဗစ်ကြောင့် ၆ ဦးသေဆုံး

ကလေးမြို့တွင် သံသယလူနာ ၅ ဦးအပါအဝင် ကိုဗစ်ကြောင့် ၆ ဦးသေဆုံး

ကလေးမြို့တွင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့၌ ကိုဗစ် သံသယလူနာ ၅ ဦးအပါအဝင် ကိုဗစ် ၁၉ ရောဂါကြောင့် စုစုပေါင်း ၆ ဦးသေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

"ဒီနေ့ကတော့ Positive (၁) ဦးနဲ့ သံသယလူနာ နေအိမ်အတွင်း ကုသမှုခံယူဆဲ (၅) ဦး ဆုံးသွားတယ်၊ လက်ရှိမှာ ကျနော်တို့ရင်ဆိုင်နေရတဲ့ ဆိုင်ခေါ်မှုလို့ ပြောရမှာပေါ့ အစိုးရနဲ့ ကျနော်တို့ကြားမှာ သံသယလူနာမှာ အခက်အခဲအနည်းငယ်ရှိတယ် အဓိကတော့ ဆေးရုံမှာကုသမှုပိုင်းမှာ အနည်းငယ်အားနည်းချက်ရှိတယ် ဆေးရုံမှာကုလို့အားနည်းချက်ကြောင့် အိမ်မှာအချို့တွေကကုသကြတယ်" ဟု ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ကိုဗစ်ပိုးတွေလူနာများကို အိပ်စွပ်ကျေးရွာရှိ အစိုးရအိမ်ယာတွင် ယခင်ကထားရှိသော်လည်း ပိုးတွေ့လူနာများပြားလာသည့်အတွက် ယခုနောက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာများသည် မိမိနေအိမ်တွင် ကုသမှုခံယူနေကြရသည့်အခြေအနေဖြစ်နေသည်။

ကလေးမြို့ဒေသခံတစ်ဦးက “အခုက ကိုဗစ်ပိုးတွေ့လူနာထားတဲ့ စင်တာမှာလည်း လူနာကအရမ်းများနေပြီ၊ ကြည့်ရှုစောင့်ရှောက်ပေးတဲ့သူကလည်း အရမ်းနည်းတယ်၊ လူမလောက်တော့ဘူး၊ အာဏာသိမ်းတဲ့စစ်ကောင်စီကလည်း ဘာမှလာပြီး ဂရုစိုက်ပေးနိုင်တာမရှိဘူး၊ ပြည်သူတွေက ကိုဗစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်နေကြတဲ့သဘောဖြစ်နေပြီ" ဟု ပြောသည်။

ကလေးမြို့အတွင်းရှိ ပရဟိတအသင်းများအနေဖြင့်လည်း ကိုဗစ်ကြောင့်သေဆုံးသည့် ကိစ္စများအပါအဝင် အခြားကဏ္ဍများတွင်လည်း (PPE ဝတ်စုံ၊ သယ်ယူပို့ဆောင်ရေး၊ ဆေးဝါး) ကုန်ကျစရိတ်အား မိမိဘာသာ ကျခံနေရသည့်အတွက် ရေရည်တွင် အခက်အခဲရင်ဆိုင်ရနိုင်သည်ဟု သိရသည်။

 
 

 

 

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...