မီဇိုရမ်ပြည်ရှိ မိဘမဲ့ကလေးနှင့် မူးယစ်ဆေးစွဲသူထိန်းသိမ်းပြုစုရာ TNT ဂေဟာတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၅၀၀ ကျော်တွေ့ရှိ

မီဇိုရမ်ပြည်ရှိ မိဘမဲ့ကလေးနှင့် မူးယစ်ဆေးစွဲသူထိန်းသိမ်းပြုစုရာ TNT ဂေဟာတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၅၀၀ ကျော်တွေ့ရှိ

မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ Muanna Veng ရပ်ကွက်တွင်တည်ရှိသော မိဘမဲ့ကလေးများနှင့် မူးယစ်ဆေးသုံးစွဲသူများ ပြုစုထိန်းသိမ်းရာဂေဟာ Thutak Nunpuitu Team (TNT) တွင် ကိုဗစ်ရောဂါပိုးပြန့်နှံ့နေကြောင်းသိရပြီး ပြည်နယ်အစိုးရဦးဆောင်မှုဖြင့် ဇွန်လ ၂၀ ရက်နေ့က စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၅၀၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။

Thutak Nunpuitu Team (TNT) ဂေဟာတွင်ရှိသော လူဦးရေ ၁၀၉၉ ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၅၄၇ ဦးတွေ့ရှိခဲ့ကြသည်။

Thutak Nunpuitu Team (TNT) ဂေဟာတွင် မသန်စွမ်းသူ ၂၈၀ ကျော်ရှိပြီး မူးယစ်ဆေးစွဲသူနှင့် မိဘမဲ့ကလေးငယ်များအပြင် ၄င်းအဂေဟာရှိ ဝန်ထမ်းများ စုစုပေါင်း တစ်ထောင်ကျော်နေထိုင်ကြသည်။

မီဇိုရမ်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့က တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ လူနာသစ် ၆၆၂ ဦးတွေ့ရှိခဲ့ပြီး ၄င်းမှာ မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ စတင်တွေ့ရှိခဲ့သည့်အချိန်ကစပြီး တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ အများဆုံးတွေ့ရှိသည့်ရက်အဖြစ် စံချိန်တင်ခဲ့သည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး ကုသမှုခံယူနေသူ ၄၁၃၂ ဦးရှိကာ အဆိုပါရောဂါကြောင့် သေဆုံးသူ ၈၃ ဦးအထိ ရှိနေပြီဖြစ်သည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...