တောင်ကုတ်မြို့နယ် ကြက်ကိုင်းရွာမှ ဒေသခံတစ်ဦးကို တပ်မတော်က ဖမ်းဆီးသွား

တောင်ကုတ်မြို့နယ် ကြက်ကိုင်းရွာမှ ဒေသခံတစ်ဦးကို တပ်မတော်က ဖမ်းဆီးသွား

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ လမူးအုပ်စု ကြက်ကိုင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးသည် တပ်မတော်သားအချို့၏ လာရောက်ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ ကြက်ကိုင်းကျေးရွာမှ ဦးအေးသန်းမောင် (၄၁ နှစ်) ဖြစ်သည်။

သူသည် ဖခင်ဖြစ်သူ၏နေအိမ်တွင် ပျက်စီးနေသည့် လယ်ထွန်စက်အား ပြုပြင်နေစဉ် တပ်မတော်သား ၂ ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသည့် လူ ၃ ဦးတို့က ယနေ့ ဇွန်လ ၁၈ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်သန်းမြင့်ချေက နိရဥ္စရာကို ပြောသည်။

“ပထမဆုံး စစ်သားတွေက ကားနဲ့ လာကြတာ။ လာပြီးတော့ ကျမတို့အိမ်ရှေ့မှာ စစ်သားတစ်ယောက်ကို ချထားခဲ့တယ်။ အဲဒီစစ်သားက သေနတ်နဲ့ အိမ်ကို ချိန်ရွယ်ထားတယ်။ ပြီးတော့ ကျမယောကျ်ားကို သွားဖမ်းကြတာ။ လက်ထိပ်ခတ်ပြီး ဖမ်းသွားကြတယ်” ဟု ပြောသည်။

မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးဟုလည်း ဆိုသည်။

ဖမ်းဆီးခံရသူမှာ တပ်မတော်အာဏာသိမ်းမှုအား အလိုမရှိကြောင်းကို တောင်ကုတ်မြို့နယ်အတွင်း ဆန္ဒပြကန့်ကွက်ရာတွင်လည်း ပါဝင်ခဲ့ခြင်းမရှိဟု ဇနီးဖြစ်သူ ဒေါ်သန်းမြင့်ချေက ဆက်ပြောသည်။

“ဆန္ဒပြကန့်ကွက်ရမှာလည်း မပါခဲ့ဘူး။ ဘာကြောင့်ခေါ်သွားမှန်း မသိဘူး။ မနက်ဖန် လယ်ထဲဆင်းဖို့ဆိုပြီး အဲဒီလယ်ထွန်စက်ကို လုပ်နေတာ။ စစ်သားတွေဟာ ကျမတို့စုံစမ်းရသလောက် မအီဘက်ကလာတာလို့ စုံစမ်းသိရှိရပါတယ်။ ကျမတို့ မိသားစုတွေအနေနဲ့ အခု အရမ်းကို စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

လက်ရှိတွင် သူမ၏ခင်ပွန်းအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုလည်း မသိရှိရကြောင်း ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေနှင့် လမူးရဲစခန်းတို့ကိုဆက်သွယ်ခဲ့သော်လည်း ယခုကိစ္စကို မသိရသေးဟု ဖြေကြားခဲ့သည်။

 
 

 

 

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...